Part 22 [ Unicode ]

13.7K 787 1
                                    

ဗီရိုထဲမှာ ချိတ်ထားတဲ့ Suit ကိုကြည့်ရင်း မြူးပီတိဖြာနေ၏ ။ ပထမဆုံး သူနဲ့ဝတ်ရမယ့် couple thing လေး။

မှန်တင်ခုံပေါ်တင်ထားသော M2 တံဆိပ်ပါ accessories box လေးကို ဖွင့်ကြည့်လိုက်သည်။

'' ဒီလက်စွပ်လေးတွေက ရယ်မြူးလေးနဲ့ ကိုခက်ထည်မာန်ဝင့်တို့ရဲ့ လက်သန်း size နဲ့ကွက်တိပဲ။ သံလိုက်ဓာတ်ပါတာမလို့ လက်ချင်းတွဲလိုက်တဲ့ အခါပဲ ဖြစ်ဖြစ် ၊ လက်ချင်းယှဉ်နေတာပဲ ဖြစ်ဖြစ် လက်စွပ်ကလေးတွေက ထိကပ်သွားကြမှာ၊ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်လက်တွေမှာ ဝတ်ဖို့တော့လိုတယ် ''

ပြောင်လက်နေသော ငွေရောင်လက်စွပ်လေးကို ကြည့်ပြီး ပြုံးလိုက်၏ ။ Suit နဲ့ တွဲရဖူးတဲ့ accessories တွေထဲမှာ ဒီလက်စွပ်လေးကတော့ မြူးအကြိုက်ဆုံးဖြစ်လာတော့မည်ပင်။

အချိန်နီးလာပြီမို့ ရေချိူးဖို့ ပြင်ရတော့သည်။ ဆယ့်ငါးမိနစ်လောက် ရေကိုခပ်သွက်သွက် ချိုးပြီးတာနဲ့ Lotion လူး၊ မျက်နှာကို နို့ရည်ခပ်ပါးပါးလူးကာ suit ကိုလဲရ၏ ။ ဆံပင်ကို ဂျယ်မလူးတော့ပဲ သဘာဝအတိုင်းသာ ခပ်အုပ်အုပ်လေး ချထားလိုက်သည်။ အောက်ကိုဆင်းခါနီးလောက်မှာ လက်ကောက်ဝတ်နဲ့ လည်ကုပ်ကို ရေမွှေးစွတ်ပြီးသွားချိန်မှာ အားလုံး အဆင်သင့်။ တွဲဖက် accessories တွေဝတ်ဖို့ကလည်း မမေ့မလျော့။

'' ဟော လာပါပြီရှင် မာမီ့်သားလေးက ချောလိုက်တာ ''

အောက်ရောက်ရောက်ချင်း မာမီ့ရဲ့ ချီးကျူးသံကို ကြားလိုက်ရတော့ မြူးရယ်လိုက်၏ ။ မာမီ့ဘေးနားမှာ Daddy ကလည်း Suit အပြည့်နဲ့ ခန့်ညားလျက် ကြည့်ကောင်းနေသည်မှာ မြူးရဲ့ဒယ်ဒီလို့ကို မပြောရ။

'' မာမီလည်း အရမ်းလှ ''

တကယ်လည်း မာမီက ပတ္တမြားရောင် ကတ္တီပါ ဂါဝန်ရှည်လေးနဲ့ တောက်ပနေ၏ ။ မာမီက Daddy ရဲ့ Partner အနေနဲ့ လိုက်ပေးတာဖြစ်သည်။ မာမီက ခါတိုင်း ဒီလိုပွဲတွေကို ဒယ်ဒီခေါ်ရင် အမြဲ ငြင်းတတ်သည်။ အခုတော့ မလိုက်မဖြစ်တာမို့ Daddy ရဲ့ ဆန္ဒတွေပြည့်ဝသွားတဲ့ မျက်နှာကြီးက ပြုံးဖြီးလျက်။

'' မောင်ခက်ထည် ကလာတော့မှာတဲ့လား ''

'' ဟုတ် ဒယ်ဒီ ၅နာရီဝန်းကျင်လောက်ရောက်မယ် ပြောတယ် ခုလောက်ဆို လာနေလောက်ပြီ ''

Agent of JoyWhere stories live. Discover now