Part 13 [ Zawgyi]

5.3K 107 0
                                        

ြှူမူးစိတ်ထဲမှာ လေးနေကာ ကောင်တာမှာ ငူငူကြီးထိုင်နေမိသည်။ UK သွားတာ ၃ရက်ပဲ ကြာမှာပါဆိုတဲ့သူကလည်း တစ်ပတ်တောင် ရှိပြီ အဆက်သွယ်မရ။ ဒီနေ့က Valatine Dayဆိုတော့ ပိုဆိုးသည်။ ဆိုင်ကို​ရောက်လာတာ အတွဲတွေချည်း။

'' မြူး ဘာမှ မစားဘူးလား ၁၂ထိုးနေပြီ ။ မင်းဗိုက်အောင့်နေဦးမယ်''

'' အမ်း မသိဘူး မစားချင်ဘူး ဘာမှ ''

စားပွဲပေါ် ခေါင်းမှောက်ချကာ ပြန်ပြောလိုက်တဲ့ မြူးရဲ့ ကျောကို အလင်းက ခပ်ဖွဖွပွတ်သပ်ပေးလာသည်။ အလင်းက ချောကလက်ဘူးကြီးကိုဘေးချကာတစ်ခုပြီးတစ်ခုနှိုက်စားနေသည်။ ဘယ်သူပေးတယ်ရယ်မသိ။ မြူးငေးကြည့်နေတာတွေ့တော့

'' လွမ်းနေတာလား မင်းလူကြီးကို ''

'' မဟုတ်ပါဘူး ''

'' လိမ်မနေနဲ့ ။ အဲ့လူကြီးခရီးသွားတယ် ဆိုကထဲက
မင်းမှိုင်ကျ သွားတာ အသိသာကြီး ''

မြူးဘာမှပြန်မဖြေမိ။ တကယ်လည်း ကိုယ်ကအဲ့လိုဖြစ်နေသည် မဟုတ်လား။ ဘာများဖြစ်နေတာလဲလို့လည်း တွေးတွေးပြီး စိတ်ပူသည်။ အကျိုးအကြောင်းလေး လှမ်းပြောဖို့တောင် ကိုယ်က သူ့အတွက် အရေးမပါဘူးပဲ ဟုတွေးမိတိုင်းလည်း စိတ်မကောင်းဖြစ်ရသည်။

'' မင်းဖုန်းဆက်ကြည့်လေ ''

'' ဆက်ပြီးပြီ မကိုင်ဘူး ''

တုန်ချင်နေတဲ့ အသံကိုထိန်းကာပြောလိုက်တော့ အလင်းက
သက်ပြင်းချလာသည်။

'' အခုထပ်ဆက်ကြည့်မလား ပေး ငါဆက်ပေးမယ် ''

'' မလုပ်နဲ့ ''

အလင်းက ပြောပြောဆိုဆိုနဲ့ မြူးလက်ထဲကဖုန်းကိုဆွဲယူသွားသည်။ contact ရဲ့ ထိပ်ဆုံး၃ယောက်ထဲမှာ မှတ်ထားတဲ့ နာမည်ကို မြင်တော့ ပြုံးစိစိလုပ်နေတာမို့ ရှက်သွားရသည်။

'' အော် နှစ်အကြာကြီးပေါင်းလာတာတောင် VIP list မှာ
မပါတဲ့ ငါနဲ့မိုးသားဘဝက သနားစရာပါလား ''

'' မဟုတ်ပါဘူး မင်းတို့နှစ်ယောက်ကို friends ဆိုပြီးထည့်
ထားတယ်လေ ''

ုအလင်းက မပြောချင်ဘူးဆိုတဲ့သဘောနဲ့ ကြည့်ကာ ခက်ထည်မာန်ဝင့် ဖုန်းကို ဆက်လိုက်သည်။ တူ တူ ဆိုပြီးဖုန်းဝင်သွားတဲ့အသံကြားတာနဲ့ အလင်းကဖုန်းကိုပြန်ပေးလာသည်။

Agent of JoyWhere stories live. Discover now