Married Life - 8 [ Zawgyi] 🚨

3.8K 101 0
                                        

ရင်ခွင်နွေးနွေးကြီးတစ်ခုက မြူးတစ်ကိုယ်လုံးကို ပွေ့ဖက်ထားတာကြောင့် ပို၍တိုးဝင်လိုက်သည်။ ထို့နောက် မြူးကျောပြင်ကို သိုင်းဖက်ထားသော လက်နွေးနွေးတစ်စုံ​ကြောင့် မြူးနှစ်ခြိုက်စွာ ပြုံးလိုက်မိ၏ ။

သို့သော် ခနအတွင်းမှာပင် ထိုအနွေးဓာတ်ကပျောက်ဆုံးသွားသည်။ လက်နွေးနွေးတို့ရဲ့ အထိအတွေ့ကလည်း မရှိတော့၊ ထိုအစား အေးစက်စက်လေထုကသာ အစားဝင်ရောက်လာသည်။ လက်တွေကို ဆန့်တန်းထုတ်ရင်း ထိုအနွေးဓာတ်ကို ဖမ်းမိလိုဖမ်းမိငြား လှမ်းရှာနေမိသည်။

'' ဟင့် ကိုကို မသွားပါနဲ့ ကိုကိုရေ ''

ပြန်ထူးသံမရှိ၊ လေထုထဲရောက်နေတဲ့ လက်ဖျားတွေကပါအေးစက်လာရသည်။

'' ကိုကို ကိုကို! အင့် ပြန်လာပါ အား ''

မျက်စိထဲ တိုးဝင်လာတဲ့ အဖြူရောင် အလင်းတန်းကြီးကြောင့် မျက်လုံးတွေကို အုပ်လိုက်ပြီး အော်လိုက်မိသည်။ ခနအကြာ မှိတ်ထားတဲ့ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ ရင်းနှီးနေတဲ့ အိပ်ခန်းအပြင်အဆင်ကိုတွေ့လိုက်ရသည်။

သူအိပ်မက်, မက်နေတာပဲ။ မိုးစင်စင်လင်းပြီမို့ အခန်းထဲ နေရောင်ခြည်တို့က ဖြာကျနေသည်။ အရင်လို မြူးမျက်စိစူးမှာစိုးလို့ လိုက်ကာချပေးနေကျ ကိုကိုမရှိတော့။ သက်ပြင်းတစ်ခုကို ခပ်လေးလေးချလိုက်ရင်း ရေချိုးခန်းဝင်ဖို့ပြင်ရသည်။ ခန္ဓာကိုယ်က လေးပင်နေကာ မျက်စိတွေလည်း ကျိန်းစပ်နေတာကြောင့် ဒီနေ့ဆိုင်မသွားတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ရေချိုးလိုက်ရင်တော့ အနည်းငယ် လန်းသွားလောက်မည်။

ရေချိုးပြီးတာနဲ့ အိမ်​နေရင်း ချည်သားလက်ရှည်အညိုရောင်ဝမ်းဆက်ကိုဝတ်လိုက်ပြီး အပေါ်ကဆွယ်တာခပ်ပွပွတစ်ထည် ထပ်ဝတ်လိုက်၏ ။ ရေတစက်စက်ကျနေတဲ့ ဆံပင်တွေကို တဘက်သေးသေးလေး တစ်ခုနဲ့ သုတ်ရင်း အခန်းပြင်ကိုထွက်လာလိုက်သည်။

မြူးထွက်လာတာတွေ့တော့ ဘုရားပန်းအိုးတွေလဲနေတဲ့ ဒေါ်လုံးကနှုတ်ဆက်သည်။

'' အကိုလေး နိုးလာပြီလား၊ မနက်စာစားတော့မလားဟင်၊ ''

'' ကျေးဇူးပါ ဒေါ်လုံး၊ ကျွန်တော်မဆာသေးလို့ ၊ နောက်မှစားလိုက်မယ် ''

Agent of JoyWhere stories live. Discover now