Special Extra [ Unicode]

14.8K 635 28
                                        

ရင်ခွင်ထဲမှာ စောင်လေးနဲ့ထုပ်ထားသည့် သားလေးကို ချော့သိပ်နေရင်း မြူးမျက်လုံးတွေ မှိတ်ထားလိုက်သည်။ ခါးမှစ၍ အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနေတာ လှုပ်တောင်မလှုပ်နိုင်။ မိုးရာသီလည်းဖြစ်တဲ့အပြင် သားကိုမွေးခဲ့တဲ့ရက်နားနီးရင် ထိုသို့ကိုက်ခဲတတ်သည်။ ဆေးရုံပြကြည့်တော့လည်း အဖြေကရေရေရာရာမထွက်။ အကိုက်အခဲပျောက်ဆေးတွေကလည်း မတိုး ။ နောက်ဆုံးတော့ ထိုကာလရောက်ရင် အောက်ပိုင်းတစ်ခုလုံး ဆေးပူတွေလိမ်းကာ အိပ်ဆေးသောက်ပြီးအိပ်ပစ်လိုက်ရသည်။

အခုတော့ ကိုကိုက သူ့ဂိုဏ်းမှာ ပြဿနာအနည်းငယ်ရှိနေသည်ကြောင့် တိုက်ခန်းကို ပြန်မလာနိုင်ပဲ စံအိမ်မှာပဲနေနေတာ သုံးရက်ရှိပြီ။ သားကလည်း သူ့ဒယ်ဒီမရှိတော့ တဂျီဂျီ။ လိုက်သွားရအောင်ကလည်း ကိုကိုက မြူးတို့တစ်ခုခုဖြစ်မှာစိုးလို့ စံအိမ်ကို လုံးဝမလာခိုင်းတာဖြစ်သည်။

'' ပါပါး ပါပါး ဘူ ဘူ ဘူး''

မျက်လုံးလေးပြူးပြီး နှုတ်ခမ်းလေးထော်ကာ မြူးကိုခေါ်နေသည့် သားလေးကိုကြည့်ရင်း သားပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်သည်။ သားချမ်းမှာစိုးလို့ သားရဲ့စောင်လေးနဲ့ တစ်ကိုယ်လုံးထုပ်ပေးထားတာ မျက်နှာလေးသာမြင်ရသည်။ သားကလည်း သူ့ကိုအဲ့လိုလေးထုပ်ပေးထားရင် သိပ်သဘောကျကာ တစ်ညလုံးအဲ့လိုလေး ပုံမပျက်အောင်အိပ်တတ်၏ ။

အိပ်ဆေးသောက်ပြီး အိပ်လိုက်ချင်ပေမဲ့ သားက အခုချိန်ထိမအိပ်သေးတာကြောင့် စောင့်ပေးနေရသည်။ သားကတော့ အခုထိမျက်လုံးလေးတွေ ပြူးနေကာ ပါးစပ်ကရွတ်ချင်ရာတွေ ရွတ်နေတုန်း။

'' ဘာတုန်း ပါပါးဖက်ထုပ်လေးရဲ့ ''

'' ပါး ချေးလိမ်း ''

'' အင်း ၊ ပါးပါးကဆေးတွေလိမ်းထားတာ ၊ သားအနံ့မခံနိုင်လို့လားဟင် ''

'' ခစ်ခစ် ပါးဆီကဆို တုန်ကြိုက် ''

ပြောပြီး သားက သူ့ပါးလေးရဲ့ မြူးရင်ဘတ်ကို လာပွတ်တာကြောင့် သဘောတကျရယ်လိုက်မိသည်။ သားလေး..  ကိုကိုနဲ့သူ့ရဲ့ အချစ်ရဆုံး ကလေးလေး ။ ရက်ပိုင်းအတွင်းမှာ ၃နှစ်ပြည့်တော့မဲ့ သားလေးက တစ်နေ့တစ်ခြား ပိုချစ်စရာကောင်းလာတာကြောင့် ဒယ်ဒီနဲ့မာမီဆို သူတို့မြေးကို ချစ်မဝ ။ မနက်ဖြန် မာမီတို့ဆီ သွားရင်ကောင်းမလား ။

Agent of JoyWhere stories live. Discover now