Part 21 [ Unicode ]

14.1K 760 0
                                        

ညနေ ၄နာရီဝန်းကျင် M2 ဆိုင်ဝန်းထဲ ရောက်လာသည်။
ဖုန်းကြိုဆက်ထားသည်မို့ အထဲမှာ ဆိုင်ရှင်က ကြိုစောင့်နေလိမ့်မည်။ ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ ကောင်ကလေး။ မနှိုးချင်ပေမဲ့ နောက်ကျမှာစိုးတော့ မဖြစ်မနေ နှိုးရတော့မည်။

သူရှိတဲ့ ဘယ်ဘက်ကိုစောင်းပြီးအိပ်နေတာမို့ နှုတ်ခမ်းပါးပါးကစူထွက်ပြီး ပါးတစ်ဖက်ကအိကျလျက်။ သွယ်သွယ်လျလျကောင်လေးက ပါးလေးတွေတော့ ဖောင်းဟန်ရှိသည်။

နှဖူးအပေါ်ဝဲကျနေတဲ့ ငွေမှင်ရောင် ဆံစတချိူ့ကိုသပ်တင်ပေးလိုက်ပြီး နှဖူးလေးကို အသာတောက်လိုက်တော့ ကောင်လေးက အနည်းငယ်လူးလွန့်လာ၏ ။

'' အွန်း ရောက်ပြီလား ''

ခနအကြာမှာပဲ အိပ်မှုံစုံမွှားနဲ့ သန်းဝေနေကာ အသံအစ်အစ်လေးနဲ့မေးလာသည်။ Wet tissuse တစ်ထုပ်ကိုယူကာ မျက်နှာကို သုတ်ပေးလိုက်တော့ မျက်လုံးလေးမှိတ်ကာ ဇိမ်ခံသေး၏ ။

'' M2 ကိုလာတာပေါ့ ဘာလုပ်ဖို့ ''

'' ကိုယ်တို့ ပွဲတတ်ရမယ်လေ မိုးသားထွန်းလင်း ကမပြောရသေးဘူးလား ''

ုမြူးရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကာ အသည်းတစ်ခုလုံးအေးသွားသလို ခံစားလိုက်ရသည်။ အရမ်းသဘောကျမိတဲ့ ခံစားချက်။

မြူးငြိမ်ကျသွားတော့ ခက်ထည်မာန်ဝင့် က မြူးမျက်နှာနား ငုံ့ပြီးထပ်မေးလာသည်။

'' ဘာလို့လဲ ကိုယ်နဲ့ မတတ်ချင်ဘူးလား ''

'' မဟုတ် ဟို ဟို မြူးဆင်းနှင့်တော့မယ်နော် အင့်''

'' အော် နေဦး ခါးပတ်ဖြုတ်ဦးလေ ခနလေး ကိုယ်ဖြုတ်ပေးမယ်
ဘယ်လိုဖြစ်နေတာတုန်း ကလေးကျနေတာပဲ ''

ရင်အခုန်လွန်ြ့ပီးခါးပတ်မဖြုတ်ပဲနဲ့ ကားတံခါးဖွင့်ပြီး အတင်းဆင်းနေမိတာ။ ရယ်ပြီး ခါးပတ်ကို ဖြုတ်ပေးနေတဲ့ လူကြီးကို ရင်မဆိုင်ရဲစွာ ဆိုင်ထဲသွားဖို့သာပြင်နေမိသည်။ အတော်ကို့ရိုးကားယားဖြစ်နေမဲ့ ကိုယ့်ရဲ့ခုနကပုံစံကို တွေးမိပြီး စိတ်ပျက်လို့မဆုံး။

ဆိုင်ထဲဝင်ဝင်ချင်း မမို့က ဆိုဖာခုံမှာ ထိုင်နေရာမှထကာ ပုံ့ပုံ့ ပုံ့ပုံ့နဲ့ ပြေးလာသည်။

Agent of JoyWhere stories live. Discover now