Part 31 [ Unicode ]

13.5K 766 3
                                        

အလုပ်လာလျှောက်တဲ့သူတွေထဲကမှ ပထမအသုတ်ကိုခေါ်ယူစစ်ဆေးပြီးပေမဲ့ အခုထိ မြူးရော အလင်းပါ စိတ်တိုင်းကျသူမတွေ့သေး။ အဓိက အနေနဲ့ စိတ်ဓာတ်ကောင်းမွန်ပြီး ဆိုင်အပေါ်တကယ်စေတနာထားနိုင်မည့် သူမျိုးကိုလိုချင်တာ ဖြစ်သည်။ ပညာအရည်အချင်းကလည်း လိုအပ်ပေမဲ့ မြူးတို့က ပညာအရည်အချင်းတစ်ခုထဲကို မကြည့်ဖြစ်ပါ။ ဘက်စုံကြည့်ပြီးမှ စိတ်တိုင်းကျပြီး အသင့်တော်ဆုံးသူကို ရွေးချင်သည်။

'' ဒုတိယအသုတ်ကို ဘယ်တော့လောက်လုပ်မလဲ အလင်း ''

'' နောက်အပတ် တနင်္လာလောက် လုပ်လိုက်မယ်လေ ''

'' အင်း သင့်တော်တဲ့သူလည်း မြန်မြန်တွေ့ချင်ပါပြီကွာ ''

'' တွေ့မှာပါ အခုဒုတိယအသုတ်က ပထမအသုတ်ထက် လူပိုများတယ် မြူးရဲ့ ''

'' အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်ရတာပါပဲ ''

မနက်ပိုင်းကို အင်တာဗျူးဖြေဖို့ ဆိုင်ပိတ်ထားတာမလို့ ဒီနေ့ နေ့တစ်ပိုင်းသာဖွင့်တာဖြစ်သည်။ ဆိုင်ထဲမှာက air-con နဲ့မလို့အေးပေမဲ့ အပြင်ရာသီဥတုပူတာကြောင့် လူပါထိုင်းမှိုင်းလာသလို။ ဘာမှမလုပ်ချင်ပဲ ဇိမ်လေးနဲ့သာနှပ်နေချင်သည်။ Smile တို့ Cheese တို့ကလည်း ရာသီဥတုပူတော့ သူတို့ကပါ နွမ်းဖတ်ဖတ်နဲ့ ။ နှစ်ကောင်လုံး နေမကောင်းချင်သလိုဖြစ်နေကြလို့ မနက်က တိဆေးခန်းဝင်ပို့ထားတာ ညနေကျဝင်ခေါ်ရဦးမည်ကို သတိရသွားသည်။

'' အာ ဒါနဲ့အလင်း ငါဒီနေ့စောပြန်လို့ရလား Cheese နဲ့ Smile ကို ဆေးခန်းမှာအပ်ထားခဲ့တာ ညနေအပြန်ဝင်ခေါ်ရမှာ ဆေးခန်းက၄နာရီပိတ်မယ်ဆိုလို့ ''

'' အင်း ရတယ်လေ မင်းပြန်ချင်တဲ့အချိန်ပြန်လိုက် ''

'' ကျေးဇူးပါ အလင်း ''

မြူးပါးနှစ်ဖက်ကိုမို့တတ်အောင်ပြုံးပြလိုက်တော့ အလင်းက မြူးပါးနှစ်ဖက်ကို လက်နဲ့လာဆွဲသည်။ ဘယ်သူနဲ့နေနေ မြူးတစ်ကိုယ်လုံးမှာ ရန်အရှာခံရဆုံးက ပါးဖြစ်သည်။ ဖောင်းမနေပဲ ခပ်တင်းတင်း ခပ်အိအိဖြစ်နေတာကိုပဲ ကိုင်ရတာ အကြိုက်တွေ့နေကြလား မသိပါ။

'' အော် ငါမေးမလို့ သင်္ကြန်တွင်းဆိုင်ဖွင့်မှာလား အလင်း ''

Agent of JoyDonde viven las historias. Descúbrelo ahora