Part 34 [ Unicode ]

12.6K 727 7
                                    

ခက်ထည်ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ ငွေမှင်ရောင်ဆံပင်လေးကို အသာသပ်တင်ပေးလိုက်သည်။ မူးနေတာကြောင့် ပါးပြင်နုနုလေးတွေက ခပ်ရဲရဲ။ အသည်းယားစရာ ပါးပြင်လေးကို ငုံ့နမ်းလိုက်တော့ နှုတ်ခမ်းလေးဆူထွက်လာပြီး မျက်မှောင်ကြုတ်သွားပုံက သူအိပ်နေသည်ကို အနှောင့်အယှက် ဖြစ်သွားသည့်ဟန်။

'' ဟင့် ''

'' ကျွတ်ကျွတ် ဘာမှမဖြစ်ဘူး အိပ် အိပ် ''

ပုခုံးလေးကိုအသာအယာပုတ်ပေးပြီး တွန့်ချိုးနေတဲ့ မျက်ခုံးလေးနှစ်ဖက်ကို ဖြေလျော့ပေးကာမှ ပြန်လည်အိပ်ပျော်သွားရှာသည်။ မမူးခင် တောက်လျှောက် ရစ်ကာ ဘာတွေပြောလို့ပြောမှန်းမသိ ပြောနေတာပေမဲ့ ခက်ထည်မျက်လုံးထဲမှာတော့ ချစ်စဖွယ်။

'' ရောက်ပါပြီ Boss ''

နေဇာန့်စကားကြောင့် ခက်ထည်အပြင်ကိုဝေ့ဝဲကြည့်လိုက်သည်။ သူများသားပျိုလေးကို ခေါ်လာရတာကြောင့် ညမနက်ခင် အိမ်ပြန်ပို့ရမည်မှာ ခက်ထည်ရဲ့တာဝန်။ အင်း မူးလာတာလေးက ခြွင်းချက်ပေါ့။

'' မြူးငယ် ထလို့ရလား အိမ်ရောက်ပြီလေ ကလေး ''

ပုခုံးလေးကို ခပ်ဆတ်ဆတ်ပုတ်ကာနိုးတော့ မျက်လုံးလေးတဖက်ကအရင်ပွင့်လာသည်။ ကြည့်ရတာ အမူးပြေသေးပုံတော့မပေါ်။

'' ဟင့် ကိုကို ''

'' ဖြည်းဖြည်း ဖြည်းဖြည်း ခြေထောက်ခေါက်ကုန်မယ်လေကွာ ''

ကောင်လေးက ကုန်းရုန်းထကာ ခက်ထည်ကိုယ်ပေါ် ခွတတ်လာတာကြောင့် အမြန်ထိန်းလိုက်ရသည်။ ဒီပုံစံအတိုင်းဆို လမ်းလျှောက်ခိုင်းလို့ ရမည့်ပုံမပေါ်။ ကလေးလေးတွေပွေ့ချီသလို ကောင်လေးခြေထောက်ကို ခက်ထည်ခါးပေါ်ချိတ်စေကာ ကားပေါ်ကဆင်းရသည်။လူကြီးတွေ အမြင်မတော်မဖြစ်ရအောင် ကောင်လေးကိုယ်ပေါ်ကနေ စောင်ပါးလေး အုပ်ခဲ့ရ၏ ။

'' ဟယ် မောင်ခက်ထည် ဘယ်လိုဖြစ်လာတာလဲ ဖိုးလုံးရေ
တံခါးလာဖွင့်ပေးဦး ကလေး ''

ခြံထဲမှာ လမ်းလျှောက်နေတဲ့ ဒေါ်လမင်းသာက ခြံရှေ့က ခက်ထည်ကို မြင်တော့ ခပ်သွက်သွက်လျှောက်လာသည်။ ကောင်လေးတစ်ယောက်က အပြေးအလွှား ခြံတံခါးလာဖွင့်ပေးသည်။ ခက်ထည် မြူးငယ်ကိုယ်လေးကို တင်ပါးကနေ တချက်ပင့်တင်လိုက်ကာ ခြံထဲသို့ဝင်ခဲ့သည်။

Agent of JoyDonde viven las historias. Descúbrelo ahora