Part 37 [ Zawgyi]

4.2K 94 0
                                        

'' ဆရာ ကျွန်တော်တို့ အလစ်ဝင်တိုက်ခံရပြီ!!! ''

'' ဘာ! ''

အပြင်ဘက်မှာ ဆူညံပွက်လောရိုက်နေတဲ့အသံကြောင့် ခေါင်းဆောင်ဖြစ်သူ ပြာတောက်သွားပြီး မတ်တပ်ထရပ်လိုက်သည်။ ပျက်စီးနေတဲ့ မြို့ပြင်ဂိုထောင်မှာ လာစခန်းချနေတဲ့ အတွက် ဘယ်သူမှ ​တော်ရုံ မသိနိုင်တဲ့နေရာကို ဘယ်လိုလူက လာတိုက်ခိုက်ရတာလဲ!

'' အခုဘယ်လိုအခြေအနေလဲ ''

'' ကျွန်တော်တို့ဘက်က တော်တော်များများကျနေပြီဆရာ ဟိုဘက်က ၇ယောက်ထဲနဲ့-  ''

- ဒိုင်း

ပြောနေတဲ့ စကားမဆုံးသေးခင် ကျည်ဆန်မှန်သွားတဲ့ တပည့်ဖြစ်သူရဲ့ခေါင်းကနေ ထွက်လာတဲ့​သွေး​တွေက ခေါင်းဆောင်ဖြစ်သူရဲ့ မျက်နှာတခုလုံးစိုရွှဲသွားစေသည်။ သူ့လက်မှာ ကပ်ပါလာတဲ့ သွေးတွေကိုကြည့်ပြီး ခေါင်းဆောင်ဖြစ်သူ တုန်ရီသွားသည်။ အမြဲတမ်းတပည့်တွေကိုပဲ ခိုင်းလာတာကြောင့် အခုချိန်မှာ သူရဲဘောကြောင်နေသည်။

'' မင်း မင်းတို့ ငါ့နားမလာနဲ့နော် ငါပစ်လိုက်မှာ! ''

ခါးကြားမှာထိုးထားတဲ့ သေနတ်ကိုယူကာ အခန်းထဲဝင်လာတဲ့ မျက်နှာဖုံးနဲ့ လူတွေကို ချိန်လိုက်သည်။ သေချာပေါက် သေနတ်ကိုင်ထားတဲ့ ထိုသူ့လက်တွေက တုန်ခိုက်နေ၏ ။

'' မိတ်ဆွေကြီးက ဒီကောင့်ကိုမမှတ်မိတော့ဘူးလား ကျွတ် ကျွတ် စိတ်မကောင်းလိုက်တာ ''

ပြောပြီး မျက်နှာဖုံးကို ဆွဲချွတ်လိုက်တဲ့ လူကြောင့် မျက်လုံးတွေ ပြာဝေသွားသည်။

'' LEX!! ''

'' အား မှတ်မိလို့တော်သေးတာပေါ့ဗျာ ''

'' အား ငါ့ကို မထိနဲ့ လွှတ်! လွှတ်ကြစမ်း!  ''

- ဖြောင်း

'' နားညီးတယ် ''

လက်ရွေးစင်တွေရဲ့ လက်ထဲကနေ ငယ်သံပါအောင် အော်ပြီးရုန်းနေတဲ့ကောင်ကို မင်းမြတ်ဇာတ်ပိုးတချက် အုပ်ပေးလိုက်သည်။ နားကိုညီးတယ် ။ သူ့အသားနာတော့မှ တအီအီနဲ့ ငြိမ်ကျသွားတဲ့ ရွံစရာသတ္တဝါကောင်။

ခက်ထည်မာန်ဝင့်က အချုပ်ခံထားရတဲ့လူနဲ့မျက်နှာချင်းဆိုင်လိုက်ကာ ဒူးခေါင်းကိုဖြတ်ကန်လိုက်သည်။ ထိုနောက် Leather လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ ထိုသူ့မေးကို ဆွဲမော့လိုက်သည်။ ထိတ်လန့်တုန်လှုပ်နေတဲ့ အကြည့်တွေနဲ့ ထိုလူကအသနားခံနေသယောင်။

Agent of JoyDonde viven las historias. Descúbrelo ahora