Married Life - 2 [ Unicode ]

14.4K 721 17
                                        

'' အွန်း ကောင်းလိုက်တာ ''

ကြော်လက်စ ထမင်းကြော်ကို ဇွန်းသေးသေးလေးနဲ့ခပ်စားကြည့်လိုက်တော့ အရသာအတော်ရှိတာမို့ မြူးပြုံးမိသွားသည်။ မာမီ့ဆီလှမ်းပြီး အပူကပ်ထားတာကြောင့် မာမီက youtube video တွေထဲကလို ထမင်းကြော်နည်း အဆင့်ဆင့်ကို video ရိုက်ပြီးပို့ပေးထားသည်။ ဒယ်ဒီ ပါရမီဖြည့်ဖက်ပီသစွာနဲ့ မာမီလုပ်သမျှကို video ရိုက်ပေးထားတာဖြစ်၏ ။ ဒယ်ဒီက မရိုက်တတ် ရိုက်တတ်နဲ့ လိုက်ရိုက်ပေးထားတာမို့ video ထဲမှာ မာမီတို့ရယ်သံတွေကို တစွန်းတစ ကြားရသေးတာ ကြည်နူးစရာ။

'' အကိုလေး အဆင်ပြေရဲ့လားဟင် ကျွန်မတို့ လုပ်ပေးပါမယ် ''

မီးဖိုချောင်ကို တာဝန်ယူထားရတဲ့ အန်တီကြီးနဲ့ ခပ်ငယ်ငယ်ကောင်မလေး ကတော့ ရင်တမမနဲ့ သူတို့အကိုလေးနောက်ကနေ လိုက်ကြည့်နေရသည်။ အကိုလေး တခုခု ဖြစ်မှာစိုးလို့ အသေးစိတ်လိုက်ကြည့်ရင်း ရင်ဖိုနေရသည်။

အနောက်ကနေ အန်တီလုံးရဲ့ စိုးရိမ်တကြီး စကားသံကြောင့်
မြူးပြုံးလိုက်ပြီး အနောက်လှည့်ကာ

'' ဟော ရပါတယ် အန်တီလုံးရဲ့ အန်တီတို့လုပ်စရာရှိတာသာ သွားလုပ်ကြပါဗျ ''

'' ဟို ကျွန်မတို့ လုပ်စရာက မီးဖိုချောင်ထဲမှာပဲရှိတာ အကိုလေးရဲ့ ''

ယမင်းရဲ့ စကားကြောင့် မြူးသဘောတကျပြုံးလိုက်ကာ

'' အဲ့ဒါဆိုလည်း ကျွန်တော် ထမင်းကြော်ထည့်ဖို့ ပန်းကန်လေးတွေ ပြင်ပေးကြမလား ''

ထိုအခါမှ အန်တီလုံးနဲ့ယမင်းက ဝမ်းသာအားရနဲ့ ပန်းကန်စင်ပေါ်က ပန်းကန်တွေကိုယူကာ စားပွဲပေါ်မှာ စနစ်တကျစီထားပေးကြသည်။ အန်တီလုံးတို့ပြင်ပေးထားတဲ့ ပန်းကန်ပြားလှလှလေးတွေထဲမှာ ထမင်းကြော်လေးတွေကို သပ်သပ်ရပ်ရပ်ထည့်လိုက်သည်။ အနှစ်မပေါက်အောင် သေချာကြော်ထားတဲ့ ကြက်ဥကြော်လေးတွေကို ထမင်းအကြော်အလယ်မှာ တင်ထားလိုက်သည်။

ယမင်းက ပန်းကန်လုံးလေးတွေထဲ ဟင်းချိုလိုက်ဖြည့်ပေးကာ အချဉ်ပန်းကန်တွေကို ဘေးနားမှာ စီထားလိုက်၏ ။ အခုမှ ကူညီရလို့ ပြုံးနေသော အန်တီလုံးတို့ကြောင့် မြူးကျေးဇူးတင်စကားဆိုလိုက်သည်။

Agent of JoyDonde viven las historias. Descúbrelo ahora