KSquare Company ရဲ့ ဟောခန်းမမှာ သတင်းထောက်တွေစုဝေးလျက်။ တချို့ပြိုင်ဘက်ကုမ္ပဏီတွေကလည်း သတင်းထောက်ယောင်ဆောင်ကာ လာသတင်းနှိုက်တတ်ကြသည်မို့ လိုင်စင်ရှိသူကိုသာ ဝင်ခွင့်ပေးထားသည်။
ခန်းမထဲ လူပြည့်တာနဲ့ နေဇာန်ဦးက မီးဆင်တဲ့လူတွေကို ခန်းမထဲကမီးကို အနည်းငယ်မှိန်ခိုင်းလိုက်ကာ Stage စင်ပေါ်ကိုမီးရောင်ဖြာခိုင်းလိုက်၏ ။
ဟိုကတိုးတိုးနဲ့ ဒီကတိုးတိုးနဲ့ ကျွတ်ကျွတ်စီအောင် ကြားနေရတဲ့ စကားသံတွေက လူတစ်ယောက်ဝင်လာချိန်မှာတော့ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ရှူးဖိနပ်သံတဒေါက်ဒေါက်ကြားနေရတဲ့ဘက်ကိုအာရုံစိုက်လိုက်ကြသည်။ အနောက်တိုင်း ဝတ်စုံအပြည့်နဲ့ ဆံပင်တွေကို သပ်ရပ်စွာလှန်တင်ထားတဲ့ ထိုအမျိုးသားက စင်ပေါ်ကိုတတ်လာရင်း စူးရဲတဲ့မျက်လုံးတွေနဲ့ ခန်းမတစ်ခွင်ကိုဝေ့ကြည့်လိုက်သည်။ အပုပ်အပွတွေရေးတတ်သည့် သတင်းဌာနတွေ မပါတာသေချာမှ အရှေ့က မိုက်ကို ဖွင့်လိုက်သည်။ ယောကျာ်းပီသတဲ့ အသံခပ်သြသြက ခန်းမတစ်ခုလုံးကို ပျံ့လွင့်သွားတာနဲ့ သတင်းထောက်တွေရဲ့ လက်တွေက ကီးဘုတ်တွေပေါ်နေရာအသင့်ယူလျက်။
'' KSquare လုပ်ငန်းစု ရဲ့ Founder ခက်ထည်မာန်ဝင့်ပါ ဦးစွာပထမ တတ်ရောက်လာပေးတဲ့ သတင်းဌာနတွေက media တွေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ''
သူ့စကားကို အာရုံစိုက်နေကြတဲ့ လူတွေကို တချက်ကြည့်လိုက်ပြီး
'' ဒီနေ့သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းအရင်းကို
အားလုံးလည်းသိပြီးသားဖြစ်မှာပါ လွန်ခဲ့တဲ့ရက်က ကျွန်တော်နဲ့ကျွန်တော့်ကောင်လေးရဲ့ ပုံတွေကိုကျွန်တော့်ခွင့်ပြုချက်မရပဲတင်ပြီး ကျွန်တော့်ကောင်လေးကို စော်ကားတဲ့အရေးအသားတွေရေးခဲ့ကြပါတယ် အင်း ခင်ဗျားတို့ထဲမှာတော့အဲ့လူတွေမပါဘူးထင်ပါတယ် အဟက် ပါခဲ့ရင်လည်း ဒီနေ့ဒီနေရာမှာ ရှိနေမှာမဟုတ်လောက်ပါဘူး ''ခက်ထည်မာန်ဝင့် ရဲ့ရယ်သံနှောပြီး ပြောတဲ့စကားမှာ အောက်ကသတင်းထောက်တွေအကုန် ကြက်သီးထသွားရသည်။ ကံကောင်းထောက်မစွာနဲ့ အဲ့သတင်းကို သူတို့မတင်မိလိုက်လို့။ မဟုတ်လို့ကတော့ အခုချိန်လောက်ဆို လိုင်စင်တွေအသိမ်းခံရကာ ကိုယ်တိုင်ရောအိမ်ကမိသားစုပါ လမ်းဘေးရောက်နေလောက်ပြီ။
![](https://img.wattpad.com/cover/300695109-288-k82606.jpg)
YOU ARE READING
Agent of Joy
General Fiction- 1 - 𝑨 𝒃𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍 𝒍𝒐𝒗𝒆 𝒔𝒕𝒐𝒓𝒚 𝒐𝒇 𝒕𝒉𝒆 𝒓𝒊𝒄𝒉𝒆𝒔𝒕 𝒎𝒂𝒏 𝒘𝒉𝒐𝒔𝒆 𝒑𝒐𝒘𝒆𝒓 𝒊𝒔 𝒂𝒕 𝒕𝒉𝒆 𝒕𝒐𝒑 𝒐𝒇 𝒕𝒉𝒆 𝒄𝒐𝒖𝒏𝒕𝒓𝒚 𝒂𝒏𝒅 𝒂 𝒔𝒘𝒆𝒆𝒕 𝒊𝒏𝒏𝒐𝒄𝒆𝒏𝒕 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒇𝒓𝒐𝒎 𝒂 𝒕𝒚𝒑𝒊𝒄𝒂𝒍 𝒔𝒊𝒎𝒑...