FINAL [ Unicode ]

16.9K 722 12
                                        

'' ဘယ်သူက လက်ထပ်ခွင့်တောင်းတာ ရေချိုးခန်းထဲတောင်းလို့လဲ!  ''

အစက အကောင်း၊ ညဘက်ထမင်းစားပြီးလို့ လသာဆောင်မှာနှစ်ယောက်သားထွက်ထိုင်နေရာမှ ကောင်လေးကရုတ်တရက်ထပြောလာသည်။ အိင်္ကျီလက်တိုအဖြူလေးနဲ့ ဘောင်းဘီတိုခပ်ပွပွလေး ဝတ်ထားတဲ့ကောင်လေးက မျက်နှာသစ်ပြီးခါစမို့ မျက်နှာလေးက ပြောင်ရှင်းနေသည်။ မနက်ဖြန်ဆို အိမ်ပြန်ရတော့မယ့် ကောင်လေးကို လွှတ်မပေးချင်စွာနဲ့ ခက်ထည်ရင်ခွင်ထဲ သိမ်းချုပ်ဖက်ထားလိုက်သည်။

'' အဟင်း အစကကျောင်းမှာပွဲလေးလုပ်ထားတာ မြူးငယ်နေမကောင်းလို့ မလုပ်လိုက်ရဘူးလေ ''

'' အဲ့ဒါကတော့အဲ့ဒါပေါ့ ဟွန်း ''

'' မြူးငယ်က ကိုယ်လက်ထပ်ခွင့်တောင်းတာကို သဘောမကျလို့လား ''

'' အာ သဘောမကျစရာလား အရမ်းပျော် အဲ-''

နောက်ကျောအပ်ထားတဲ့ရင်ခွင်ပိုင်ရှင်ကြီးကို အနောက်လှည့်ကြည့်လိုက်တော့ ပြုံးစိစိနဲ့ကြည့်နေတာကိုတွေ့လိုက်ရတော့မှ အညာမိသွားပြီမှန်း သိလိုက်ရ၏ ။ ဒီလူကြီး စကားလာအစ်နေတာ။

ကိုကိုက မြူးတစ်ကိုယ်လုံးကို ဖြစ်ညှစ်လိုက်ပြီး

'' မြူးငယ်လေး အရမ်းပျော်နေတာ ကိုကိုခုမှသိတယ်ကွာ
ဟားဟား''

'' အာ့ အာ့ ကိုကို အရမ်းမညှစ်နဲ့ နာတယ် ''

ထိုအခါမှ ကိုကိုက သတိရသွားပုံနဲ့

'' ဆောရီး ဆောရီး ကလေးလေး ကိုကိုမေ့သွားတယ် အုံဖွ အုံဖွ ''

ုညနေကအကြောင်းကိုတွေးမိတော့ မြူးမျက်နှာတခုလုံးပူထူလာသည်။ ကိုကိုက သူ့ကိုယုံတယ်မလားဆိုတဲ့အတိုင်း မြူးရဲ့တံခါးပေါက်လေး ကိုတစက်မှမထိခဲ့။ ထိုအစား ကိုကိုက မြူးတစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိပွတ်သပ်ပြီး နှစ်ယောက်သား အရှေ့ဘက်ရပ်ဝန်းချင်းရင်းနှီးခဲ့ကြတာမို့ ခန္ဓာကိုယ်တခုလုံးက နီရဲလျက်ကျန်ခဲ့သည်။ ပြီးဆုံးသွားတဲ့အချိန်မှာ မြူးတစ်ကိုယ်လုံးဟာ ကိုကို့လက်ရာတွေအပြည့်။ သွေးပူနေတဲ့အချိန်တုန်းက မသိသာပေမဲ့ ရေချိုးထမင်းစားပြီးတဲ့အချိန်မှာ အတော်သိသာလာတာမို့ ကိုကိုကဆေးလူးပေးရသည်။ ဆေးလူးပေးတဲ့တချိန်လုံး မျက်နှာမကောင်းဖြစ်နေတဲ့ လူကြီးကြောင့် အနမ်းဖွဖွပေးပြီး ချော့ရသေး၏ ။

Agent of JoyWhere stories live. Discover now