Part 30 [ Unicode ]

14.4K 799 4
                                    

'' ပြီးပြီလား မြူး ''

'' အင်း အကုန်ပြီးပြီ ''

ဆိုင်အတွက် မန်နေဂျာရာထူးခေါ်ချင်လို့ အလုပ်ခေါ်စာတင်နေတာဖြစ်သည်။ social media ပေါင်းစုံမှာတင်ထားပြီး ဆိုင်ဝန်းရှေ့မှာလည်းကပ်ထားသည်မို့ အနှေးနဲ့အမြန်တော့ လူတွေရောက်လာမှာပင်။ အဓိကကတော့ စိတ်ဓာတ်ကောင်းမွန်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့အရည်အချင်းရှိဖို့ဖြစ်သည်။

'' မင်းကိုကြည့်ရတာ ဒီနေ့ စိတ်ပျော်နေသလိုပဲ မြူး ''

'' အဟီး အဲ့လိုဖြစ်သွားလား ''

ပါးနှစ်ဖက်လုံးမို့တတ်သွားအောင်ပြုံးလိုက်တော့ အလင်းက မြူးပါးကိုဆွဲဖဲ့သည်။ နေ့လည်ခနနားချိန်မလို့ မြူးတို့နှစ်ယောက် နားနေခန်းထဲရောက်နေကြတာဖြစ်သည်။

'' ဟိုတစ်နေ့က ကိစ္စအဆင်ပြေရဲ့လား ငါမင်းထက်တို့ဆီက
ုပြန်ကြားတယ် အဲ့လူက ဘာလဲမသိဘူးနော် မင်းကိုကြိုက်နေတာမျိုးလား ''

'' ငါတော့ အဲ့လိုမထင်ဘူး သူမျက်လုံးတွေမှာ ငါ့အပေါ်ကြိုက်နေတယ် ဘာညာအဲ့လိုအရိပ်အယောင် တစ်စက်မှမရှိဘူး ဒီတိုင်း ဒီတိုင်း သူကငါ့ကိုမကျေနပ်နေသလိုပဲ ''

'' ဟမ် ''

'' ဟုတ်တယ် ''

'' မကျေနပ်ရအောင် သူနဲ့မင်းနဲ့ ငြိထားဖူးတာရှိသလား ''

'' ငါမှတ်မိသလောက် မရှိပါဘူးကွာ ''

မြူးစားပွဲပေါ် ပါးအပ်လိုက်ကာ အလင်းအမေးကိုဖြေလိုက်သည်။ အဲ့နေ့ကိစ္စပြီးကထဲက ကိုကိုကဒီအကြောင်းကိုအစမဖော်တာမလို့ မြူးလည်းမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တာ။

'' မင်းစိတ်ထင်တာနေမှာပါ ဒီတိုင်း မင်းကိုဇယားလာရှုပ်ချင်တဲ့ လူပဲနေမှာ ''

အလင်းက မြူးရဲ့ပုခုံးကိုခပ်ဖွဖွလေးပုတ်ပေးလာသည်။ နားချိန်ကျော်ပြီဖြစ်တာကြောင့် နှစ်ယောက်သား နားနေခန်းထဲကထွက်ကာ အလင်းက မီးဖိုချောင်ထဲဝင်သွားပြီး မြူးက ဆိုင်ထဲပတ်ကြည့်ပြီး လိုအပ်တာ လိုက်ညွှန်ကြားသည်။ မကြာခင် သင်္ကြန်ကာလ ရောက်တော့မှာမလို့ ဆိုင်ပိတ်၊ မပိတ် အလင်းနဲ့တိုင်ပင်ရဦးမှာပင်။

Agent of JoyTempat cerita menjadi hidup. Temukan sekarang