Part 27 [ Unicode ]

14.1K 809 2
                                        

'' သူဌေး ဟိုနေ့ကလူထပ်ရောက်လာပြီး သူဌေးကိုပဲ ခေါ်ခိုင်းနေတယ်ဗျ ''

ဆိုင်ထဲဝင်ဝင်ချင်း မင်းထက်အပြောကြောင့် မြူးအမောဆို့သွားရသည်။ ဒီနေ့ အလင်းကလည်း နေမကောင်းလို့ ခွင့်ယူထားသည်။ ဟိုနေ့ကလူနဲ့ ထပ်စာရင်းရှင်းရဦးမှာတွေးမိတော့ သက်မောချမိသွားပြန်သည်။

'' ဟိတ် ''

မြူးကိုမြင်တာနဲ့ လက်ထောင်ပြပြီး လှမ်းခေါ်တဲ့သူကြောင့် ဆိုင်ထဲက customer အချိူ့ရဲ့ အာရုံတွေက မြူးဆီရောက်လာကြသည်။

'' လူကြီးမင်း ကျေးဇူးပြုပြီး လေးစားမှုရှိပေးပါ ''

ုမြူး မျက်နှာခပ်တင်းတင်းနဲ့ ပြောမိတော့ ထိုသူက ရယ်သည်။ ထို့နောက် မတ်တပ်ရပ်ကာ မြူးနားရွက်နားထိ ကပ်လာတာ သူ့မျက်နှာက ကပ်လာတာမို့ မြူးကိုယ်လုံးလေး ကျုံ့သွားသည်။

'' အဲ့လောက်ထိ ကပ်မလာပါနဲ့ ''

'' အဟား ဟုတ်ပါပြီ ''

ထိုသူ သူ့နေရာသူပြန်ထိုင်လိုက်မှ မြူးမေးစရာရှိတာ မေးရသည်။

'' ဒီတခါရော ဘာများလိုအပ်လို့ပါလဲ ''

'' ဟိုတနေ့ကလိုပဲ မင်းဖျော်ပေးတဲ့ ကော်ဖီ သောက်ချင်တာ ''

'' အဲ့ဒါက ''

မြူး ငြင်းမယ် ကြံလိုက်ပြီးမှ ရပ်လိုက်သည်။ ဆက်ငြင်းရင်ထိုသူက ဘယ်လောက်ရစ်ဦးမယ်မသိ။ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းက အဖျော်ပိုင်းမဟုတ်ပေမဲ့ ကိုယ့်လက်ရာမှသောက်ချင်တယ်ဆိုလည်းသောက်ပေါ့၊ အရသာမကောင်းလည်း သည်းခံသောက်ပေ့စေ။

'' အဲ့ဒါဆို ခနလောက်စောင့်ပါ ''

'' ကောင်းပါပြီဗျာ ''

ပြောင်သလို နောက်သလို လုပ်နေတဲ့ ထိုလူကို တချက်ကြည့်ပြီး ပစ္စည်းတွေအရင်ထားဖို့ နားနေခန်းထဲဝင်ခဲ့လိုက်သည်။ အကဲခတ်ကြည့်ပုံအရ ထိုသူက သာမန်ရိုးရိုးလူတော့ မဟုတ်နိုင်။ အသုံးအဆောင်တွေအရရော၊ လူပုံစံကြည့်ရတာ အရှိန်တစ်ခုရှိနေသည်။ ဒါ့အပြင် တစုံတယောက်နဲ့ ဆင်တူနေတဲ့ မျက်လုံးတွေ။ ဒါပေမဲ့ ကိုကို့အကြည့်တွေကိုတော့ မမှီပါ။ ကိုကိုက တချက်ကြည့်လိုက်ရင် ရင်ထဲအေးခနဲ ခံစားရအောင် ဆွဲဆောင်နိုင်သည်။

Agent of JoyDonde viven las historias. Descúbrelo ahora