Part 28 [ Unicode ]

13.9K 1.1K 13
                                        

'' မာမီ သား ရေဆာတယ် ''

နေ့လည်စာဟင်းချက်နေတုန်း မီးဖိုချောင်တံခါးဝမှာ မှီပြီး လာပြောတဲ့ သားကိုလှည့်ကြည့်ရင်း ဒေါ်လမင်းသာ လန့်သွားရသည်။

'' သားငယ် ဘယ်လိုဖြစ်တာလဲ မျက်လုံးတွေမို့အစ်နေတာပဲ ငိုထားတာလား ''

မနေ့ကနေ့လယ်ဘက်ကြီးပြန်ရောက်လာပြီး သူ့ကိုလာမနှိုးနဲ့ဆိုကာ အပေါ်ထပ်တတ်သွားတာမို့ ဒေါ်လမင်းသာ လည်းလိုက်မနှိုးဖြစ်။ ညစာကို အခန်းထဲလာပို့ပေးပါဆိုလို့ ပို့ပြီး သားကိုသေချာမကြည့်ဖြစ်ခဲ့မိတာ နောင်တရမိသည်။ တညလုံးများ ငိုနေခဲ့လို့ ဒီလိုမျက်လုံးတွေအစ်နေတာများလား။

ရေခဲရေအေးအေးနဲ့ ရိုးရိုးရေစပ်ပေးပြီး ခွက်ထဲထည့်ပေးလိုက်တော့ သားက တကျိုက်ထဲသောက်ပစ်လိုက်သည်။ ရေသောက်ပြီးတော့လည်း ငူငူကြီးထိုင်နေတာမို့ မေးရပြန်သည်။

'' ဘာဖြစ်လို့လဲသား တခုခုအဆင်မပြေတာရှိလို့လား မာမီ့ကို
ပြောပြလေ ''

မာမီက မြူးခေါင်းကိုလက်ကလေးနဲ့အသာပွတ်ပေးနေတာမို့ မျက်ရည်ကဝဲတတ်လာသည်။ ငိုချင်စိတ်ကိုထိန်းကာ မာမီ့ဗိုက်ပေါ်မှီလိုက်တော့ မာမီက မြူးကျောပြင်ကိုသိုင်းဖက်လာသည်။

'' မာမီ့သားလေး ဝမ်းနည်းနေတာလား ဟင် ပြောပါဦး ''

'' မာမီ ''

'' ပြော သား ''

'' ကိုကိုက သားကိုမချစ်ဘူးထင်တယ် ''

ပြောပြီး ပါးပြင်ပေါ် စီးကျလာတဲ့မျက်ရည်တွေကို မာမီကစားပွဲပေါ်တင်ထားတဲ့ တစ်သျူးယူကာ ခပ်ဖွဖွသုတ်ပေးသည်။ မြူးရင်ဘတ်တစ်ခုလုံး နာနေကာ ခံပြင်းတဲ့စိတ်တွေပါရောလျက်။ ဖုန်းလေးတချက် စာလေးတစောင်တောင် မပို့ပါပဲ တဖက်လူကနေနိုင်လွန်းသည်။

'' မာမီကတော့ အဲ့လိုမထင်ပါဘူးကွယ် ''

မာမီ့ကို ကြည့်လိုက်တော့ မြူးကို ပြုံးကြည့်နေသည်။

'' မာမီလည်း ငယ်ရာကကြီးလာတာမို့ သိတာပေါ့
မောင်ခက်ထည်သားကို ကြည့်တဲ့ အကြည့်တွေကို မာမီ
ဖတ်တတ်ပါတယ် ''

Agent of JoyWhere stories live. Discover now