Part 43 [ Unicode ]

12.6K 709 4
                                        

'' ကိုကို မြူးလည်း မုန့်လုံးရေပေါ်သွားလုံးချင်တယ် ''

မနက်၆နာရီလောက်ကထဲက စံအိမ်ဝင်းတခုလုံး ဆူညံပြီး လူသံတွေနဲ့ ပြည့်နှက်နေခဲ့သည်။ စံအိမ်ကအခန်းမှန်သမျှက အသံလုံတာမလို့ အိပ်နေတုန်း မကြားရပေမဲ့ နိုးနိုးချင်း လသာဆောင်ကိုထွက်ပြီး လေကောင်းလေသန့်ရှုတဲ့ မြူးအတွက် အောက်ထပ်ကလူအုပ်ကြီးကို မြင်လိုက်ရတော့ တအံ့တသြ။ ဆေးရုံက လူနာတွေကိုပါ မုန့်တွေသွားဝေမယ်လို့ အကိုနေဇာန်က ညကပြောပြသည်။ ဆေးရုံက ဝန်ထမ်းအစ ဂိုဏ်းရဲ့ သန့်ရှင်းရေးအဆုံး လူစုံတက်စုံ ပါဝင်ကြတာမို့ လူစုံပြီး ကြည့်ရတာနဲ့တင် ပျော်စရာကောင်းနေတော့၏ ။

အမျိုးသမီးဂိုဏ်းသူများက ယခင်လိုတွေ့နေကျ ခက်ထန်မနေပဲ မြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေကြတော့သည်။ ညနေကျ ကပွဲတွေလည်းရှိသေးသည်မို့ မြူးမှာ စိတ်လှုပ်ရှားနေရသည်။ ဒီလောက်ထိ လူများပြီး စည်လိမ့်မယ်လို့ မထင်ခဲ့မိတာတော့ အမှန်။

ထို့ကြောင့် ဘေးမှာလာရပ်တဲ့ ကိုကို့လက်မောင်းကိုမှီကာ ပူဆာလိုက်သည်။ ပိုးသားညအိပ်ဝတ်စုံ အနက်ရောင်နဲ့ကိုကိုက အိပ်ရာထစချိန်မှာလည်း တည်ကြည်ပြီး ကြည့်ကောင်းနေပြန်သည်။

ကိုကိုက မြူးခေါင်းကိုတချက်ပုတ်ပြီး

'' အခုက လူအရမ်းများသေးတယ် စောလည်းစောသေးတော့ ခနနေကျမှ မြူးငယ်နဲ့ သူငယ်ချင်းတွေအတွက် ကိုယ်သက်သက်စီစဉ်ပေးမယ် ''

'' ဒါမဲ့ မြူးက လူအများကြီးနဲ့ တူတူလုပ်ချင်တာ ''

ခက်ထည်လက်မောင်းကိုတွဲခိုကာ ပူဆာလာသည့်ကလေးကိုဘယ်လိုများလွန်ဆန်နိုင်ပါ့မလဲ။ သို့သော် လူကအတော်များနေတာမို့ အိမ်ထဲမှာရှိတဲ့ စားဖိုဆောင်ကဝန်ထမ်းတွေနဲ့ သက်သက်လုပ်ခိုင်းလိုက်တော့သည်။

'' အဲ့ဒါဆို အဝတ်အစားသွားလဲ ကိုကိုစီစဉ်ပေးထားမယ်  ''

'' ဟုတ် ကိုကို ''

'' နေဦး ''

'' အွန် ''

'' ဘောင်းဘီတိုနဲ့ အိင်္ကျီလက်ပြတ်တွေ မဝတ်ရဘူးနော် တခါထဲမှာထားမယ် ''

Agent of JoyWhere stories live. Discover now