Part 14 [ Unicode ]

14.9K 858 7
                                        

လက်မောင်းရင်းဆီက ပြင်းပြင်းထန်ထန်နာကျင်မှုအပြင် ရင်ဘတ်တစ်ခုလုံးကလည်းထိုးအောင့်နေသည်။အော် သူမသေဘူးပဲ..။

သတိရတချက် ၊ မရတချက် ဖြစ်နေရာမှ မျက်လုံးတို့ကို ကြိုးစားဖွင့်လိုက်တော့ မြူးရောက်နေတာ စုတ်ပြတ်သတ်နေတဲ့ ဂိုထောင်တစ်ခု။

'' အာ့ အင်း ''

များပြားလှတဲ့နာကျင်မှုတွေကြောင့် ညည်းညူလိုက်မိကာ ကိုယ်ကို ရုန်းကြည့်လိုက်တော့ လက်တွေရော ခြေထောက်တွေရော လှုပ်မရ။ ပေါက်ပြဲနေတဲ့ နံရံပေါက်တွေကနေ ဝင်လာတဲ့ အလင်းရောင် အနည်းငယ်ကို အားပြုရင်း ကိုယ့်ကိုကိုယ် ပြန်ကြည့်ရသည်။

မြူးရဲ့ ခြေထောက်တွေရော လက်တွေရောက သံကြိုးတွေနဲ့အခတ်ခံထားရသည်။ လက်မောင်းရင်းကလည်း သွေးတွေစိမ့်ထွက်နေကာ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်။

- ကျွီ

ပွင့်လာသောတံခါးနဲ့အတူ စူးခနဲ ဝင်လာတဲ့ အလင်းရောင်တွေ။ မိန်းမတစ်ယောက်နဲ့အတူ အနောက်က ယောကျာ်း လေးယောက်က မြူးဆီကို ဦးတည်ပြီးလျှောက်လာသည်။
တဖြည်းုဖြည်းနီးကပ်လာတဲ့အခါ မြင်လိုက်ရတဲ့ ရင်းနှီးနေတဲ့မျက်နှာကြောင့် မြူး အံ့သြသွားရသည်။

ဘယ်လိုဖြစ်ပြီး အမရာက...။

'' သတိရနေပြီပဲ ''

'' အမရာက ဘယ်လိုဖြစ်ပြီး ''

'' အနုနည်းနဲ့ခေါ်တာ မလာတော့ အကြမ်းနည်းနဲ့ ခေါ်ရတော့တာပေါ့ ခက်ထည်မာန်ဝင့် ကိုသိပ်ယုံကြည်နေတယ်ပေါ့လေ ''

'' ခင်များ အာ့ ''

မြူးပြန်ပြောမယ်အလုပ်မှာ ဘယ်ဘက်ရင်အုံကနေ ဆူးခနဲ အောင့်လာတာမို့ ဆက်မပြောနိုင်တော့။ အမရာက မြူးကိုကြည့်ပြီး တဟားဟား ရယ်သည်။

'' ဖြစ်နိုင်ရင် နင့်ကိုလေ ဒီ့ထက်ပိုပြီး ခံစားစေချင်သေးတာ
ငါ့ညီမလေးလေ နင်သိမှာပါ မဟေသီသွယ်တဲ့ အခု ငါ့ညီမလေးက နင်တို့ကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး အခုသူ့ကိုသူ သတ်သေဖို့ကြိုးစားပြီး အခု coma ဝင်နေပြီ နင်သိရဲ့လား နင်တို့ကြောင့်ပဲ အဲ့ဒါ အား သွားစမ်း အား ''

Agent of JoyWhere stories live. Discover now