ထောင်ထဲမှာပဲ ဘဝဆုံးတော့မယ်ထင်ထားသမျှ ရုတ်တရက်ကြီး သူမကိုခေါ်ထုတ်ကာ အဝတ်အစားသစ်တွေဆင်ပေးကာ သူတို့ဂိုဏ်းရဲ့ နားနေဆောင်အတွင်းမှာ စောင့်နေစေတာမို့ အံ့အားသင့်ရသည်။ ဒီနားနေဆောင်က ထောင်နဲ့မနီးမဝေးမှာပဲရှိကာ ထမင်းချက်၊ ထောင်စောင့်တွေအကုန် ဒီမှာပဲနေဟန်တူသည်။ ဘေးဘက်မှာတော့ ကြက်ခြေနီသင်္ကေတနဲ့ ဆေးပေးခန်းတခု။
သူမကိုခေါ်အလာတုန်းက မျက်လုံးကိုအဝတ်စီးပြီးခေါ်လာတာကြောင့် ဒီလိုတွေရှိမှန်းမသိခဲ့ရပါ။ မှောင်မဲပြီးအေးစက်တဲ့အခန်းကျဉ်းလေးထဲမှာ ငရဲပွက်သလိုအော်သံတွေက နေ့နေ့ညညခြောက်ခြားစရာကောင်းသည် ။ အခုတော့ သူ့ကိုလွှတ်ပေးလိုက်တာများလား။
ခပ်ဝေးဝေးကလာနေတဲ့ အမျိုးသမီးနှစ်ယောက်ကိုလှမ်းမြင်လိုက်ရသည်။ တစ်ယောက်ကညီမလေးနဲ့တောင်ဆင်သလို။ မဖြစ်နိုင်တာ ။ ညီမလေးကဘယ်လိုလုပ် ဒီနေရာမှာရှိနေရမှာလဲ။ သို့သော် နီးကပ်လာလေလေ သဲကွဲလာတဲ့ ရုပ်ရည်တွေကြောင့် အမရာသွယ်အလန့်တကြား မတ်တပ်ထရပ်မိလိုက်သည်။
'' မမ! ''
သူမဆီပြေးလာတဲ့ ညီမလေး။ အနည်းငယ်ပိန်ကျသွားတာကလွဲရင် ညီမလေးက အရင်လိုပါပဲ။
'' ညီမလေး ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ မဟုတ်မှ ''
မဟေသီသွယ် မမရဲ့ အကြည့်တွေကို နားလည်စွာနဲ့ ခေါင်းခါပြလိုက်သည်။
'' မမထင်သလိုမဟုတ်ပါဘူး ညီမလေးက မမကိုလာခေါ်တာ ''
'' မမကိုလာခေါ်တာ ဟုတ်လား နေပါဦး ညီမလေးက ဘယ်တုန်းကသတိရလာတာလဲ ''
'' ပြောရရင် အရှည်ကြီးပဲ ညီမလေး လမ်းကျမှ အကုန်ရှင်းပြမယ်နော် အခုတော့သွားရအောင်မမ ညီမလေးတို့ ဒီနေ့ ထိုင်းနိုင်ငံကိုသွားရမယ် ''
'' ဘယ်လို ''
'' ဟုတ်တယ်မမ ညီမလေးတို့ မြန်မာနိုင်ငံမှာ နေခွင့်မရှိတော့ဘူးမမရဲ့ လာပါ မမရယ် ကားစောင့်နေပြီ ဂီဂီ မမကိုကူတွဲပေးပါဦး ''
အနေအစားချို့တဲ့ပြီး တချို့စစ်မေးမှုများခံရသောကြောင့် အမရာသွယ်ကပိန်ခြုံးလျက် ကျန်းမာရေးကလည်းမကောင်းတော့ပေ။ မျက်စိသူငယ် နားသူငယ်နဲ့ သူမတို့ထိုင်းနိုင်ငံမှာ ဘယ်လိုများနေရပါ့မလဲ။ သို့သော် သူမရိပ်မိနေသည်။ ဤသည်မှာ ခက်ထည်မာန်ဝင့် ဘက်ကသူမတို့ကိုပေးသော အသက်ညှာဆုံးပြစ်ဒဏ်ဖြစ်၏ ။

YOU ARE READING
Agent of Joy
General Fiction- 1 - 𝑨 𝒃𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍 𝒍𝒐𝒗𝒆 𝒔𝒕𝒐𝒓𝒚 𝒐𝒇 𝒕𝒉𝒆 𝒓𝒊𝒄𝒉𝒆𝒔𝒕 𝒎𝒂𝒏 𝒘𝒉𝒐𝒔𝒆 𝒑𝒐𝒘𝒆𝒓 𝒊𝒔 𝒂𝒕 𝒕𝒉𝒆 𝒕𝒐𝒑 𝒐𝒇 𝒕𝒉𝒆 𝒄𝒐𝒖𝒏𝒕𝒓𝒚 𝒂𝒏𝒅 𝒂 𝒔𝒘𝒆𝒆𝒕 𝒊𝒏𝒏𝒐𝒄𝒆𝒏𝒕 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒇𝒓𝒐𝒎 𝒂 𝒕𝒚𝒑𝒊𝒄𝒂𝒍 𝒔𝒊𝒎𝒑...