Part 44 [ Unicode ]

12.7K 703 13
                                        

မျက်နှာရဲရဲလေးနဲ့ ခက်ထည်ရင်ဘတ်ကို တွန်းကန်နေတဲ့ကောင်လေးကိုကြည့်ရင်း သဘောတကျပြုံးလိုက်သည်။ ယုန်ဖြူလေး။ အသားရော အရိုးပါ တဂျွမ်းဂျွမ်းမြည်အောင် ကိုက်စားပစ်ချင်စရာ ယုန်ဖြူပေါက်စလေး။

'' ဟင့် ''

ညှပ်ရိုးဖွေးနုနုကို ဆွဲစုပ်လိုက်တော့ ထွက်လာတဲ့ အသံသေးသေးလေး။ ညာဘက်လက်ကလေးက ခက်ထည်ရဲ့ရေစိုနေတဲ့ ရှပ်အိင်္ကျီအနားစလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

ခြေသွက်လက်သွက်ကလေးက ကိုကို့အတွက်ဝယ်ထားတဲ့ အိင်္ကျီကိုကျွန်တော်လဲပေးမယ်နော် ဆိုပြီး ခက်ထည်ကိုအခန်းထဲဆွဲခေါ်သွားသည်။ အစတုန်းကတော့အကောင်း၊ ကြယ်သီးတွေဖြုတ်နေရင်း တန်းလန်းကြီး ပါးနှစ်ဖက်လုံးနီရဲလာကာ တဖက်ကိုအကြည့်လွှဲလွှဲသွားတဲ့ ကောင်လေးကြောင့် ခက်ထည်ရယ်ချင်လာရသည်။

အဝါရောင်အိင်္ကျီလေးနဲ့ ဝင်းဝင်းဖန့်ဖန့်လေးဖြစ်နေတဲ့ကောင်လေးကို အိပ်ပေါ်တွန်းလှဲချကာ အပေါ်ကအုပ်မိုးလိုက်တော့ မျက်လုံးဝိုင်းကလေးတွေနဲ့ အလန့်တကြားကြည့်လာ၏ ။ ရယ်မြူးသာ တစ်ယောက်နဲ့တော့ ရူးတော့မှာပဲကွာ။

အတွေးနဲ့အတူ ဦးတည်ရာကို ညှပ်ရိုးကနေတစ်ဆင့် လည်ပင်းကိုပြောင်းလိုက်တော့ လက်နုနုကလေးတွေနဲ့ ခက်ထည်ပါးစပ်ကိုလှမ်းပိတ်လာသည်။

'' ဟို ကို-ကိုကို အရာတွေထင်ကုန်မယ်လေနော် ''

'' ကောင်းပြီလေ အရာမထင်တဲ့နေရာလုပ်ကြတာပေါ့ ''

'' ဟင် အဲ့လိုမဟုတ်ဘူးလေ အာ့ ကိုကို! ''

မြူးအိင်္ကျီလေးကိုဆွဲလှန်ကာ အနီရောင်အမှတ်အသားလေးတစ်ခုကို ဆွဲစုပ်လာသည့်ကိုကိုကြောင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ကိုကို့ဆံပင်တွေကိုဆွဲဖွလိုက်သည်။

'' ကိုကို ဟို အခါကြီးရက်ကြီးမှာ အဲ့ဒါလုပ်လို့ရလို့လား ''

'' ဘယ်လို ''

ကိုကိုကခနတော့ ကြောင်ကြည့်နေပြီး အတော်ကြာမှ မြူးရင်ဘတ်ပေါ်မျက်နှာအပ်ကာ ပုခုံးတွေတုန်နေအောင်ရယ်လာသည်။ ဘာလုပ်ရမှန်းမသိတာကြောင့် ကိုကို့ပုခုံးပေါ်လက်တင်ထားလိုက်သည်။ အဲ့လိုမေးတာ အဲ့လောက်ရယ်စရာကောင်းသွားလို့လား။ တကယ်မသိလို့မေးတာကို။

Agent of JoyWhere stories live. Discover now