Part 29 [ Unicode ]

14.4K 903 0
                                        

ဆိုင်ရှေ့ကိုရောက်နေတာ အတော်ကြာပြီပေမဲ့ ခက်ထည်ကားပေါ်ကမဆင်းဖြစ်သေး။ ဆိုင်တွင်းကိုလှမ်းမမြင်ရပေမဲ့ ဆိုင်ထဲမှာ အလုပ်ရှုပ်နေမည့် ကောင်လေးပုံကိုတွေးမိတော့ သဲ့သဲ့ဲပြုံးမိ၏ ။အချစ်ရေးမှာ သုညလို့ဆိုရအောင်ထိ သူ့ဘက်ကမပွင့်မလင်းဖြစ်ခဲ့ပုံကို ပြန်တွေးမိတော့ ကိုယ့်ကိုကိုယ်သာ ဒေါသထွက်သည်။

အတူနေဖြစ်ခဲ့ကြတာတောင် ဂရုစိုက်ပေးတာကလွဲပြီး တောင်းပန်ပါတယ် တစ်ခွန်းမပြောဖြစ်ခဲ့။ အမြဲပြုံးရွှင်နေပြီး ကိုကို ကိုကိုချင်းထပ်နေအောင်ခေါ်ခဲ့တဲ့ ကောင်လေးက အတွေးတွေအများကြီးသိမ်းဆည်းထားပုံရ၏ ။

၆နာရီထိုးခါနီးတော့ ဆိုင်ထဲထွက်လာတဲ့ကောင်လေးကိုမြင်လိုက်ရသည်။ ခက်ထည်ကားပေါ်ကအမြန်ဆင်းလိုက်ပြီး ခပ်သွက်သွက်လျှောက်သွားလိုက်သည်။ သူ့ကိုမြင်တော့မှ တည်ကျသွားတဲ့ နှုတ်ခမ်းပါးလေးတွေကို မြင်တော့ စိတ်မကောင်းဖြစ်ရပြန်၏ ။

'' မြူးငယ် ''

ကောင်လေးက သူခေါ်တာကိုအဖက်မလုပ်ပဲ ခပ်တည်တည်လေးရပ်နေသည်။ အူယားပြီး ဆွဲမွေ့ချင်စိတ်ကိုထိန်းကာ ဘေးကသူငယ်ချင်းကောင်လေးကိုစကားပြောရသည်။ ဘယ်သူ့ကိုမှ စကားစမပြောတတ်တဲ့ ခက်ထည်လည်း ဒီကောင်လေးနဲ့ပက်သက်မှ မလုပ်ဖူးတာတွေ လုပ်နေရတော့သည်။

'' ကိုယ် မြူးငယ်ကို ခဏ ခေါ်သွားချင်လို့ အဆင်ပြေမလား ''

'' အဲ ရရပါတယ် အကိုခက်ထည် မြူး အဲ့ဒါဆိုနောက်နေ့မှ
သွားစားရအောင်နော် ငါလည်းမိုးသားကိုလာကြိုခိုင်းလိုက်တော့မယ် ''

'' ဟာ နေဦးလေ အလင်း ဟေ့ကောင်!  ''

သူစိမ်းလက်ထဲ သူငယ်ချင်းကို ခွေးထိုးထိုး ကျီးစားစားပစ်ခဲ့တဲ့ ဉာဏ်လင်းဟန်ဆိုတဲ့ သူငယ်ချင်းကောင်းလေးကို မြူး ဂျိုကြည့်ကြည့်လိုက်သည်။ အရှေ့ကလူကြီးကို ကြည့်လိုက်တော့ မျက်လုံးတွေက ပြုံးယောင်သမ်းနေတာများ အမြင်ကပ်စရာကောင်းသည်။

'' ဘာကိစ္စရှိလို့လဲ ''

'' အဟမ်း ကိုယ်နဲ့ ခဏလောက်စကားပြောရအောင်ပါ ''

Agent of JoyTempat cerita menjadi hidup. Temukan sekarang