အလွမ်းပြေ [ Unicode ]

8.8K 338 15
                                        

'' ရိုးမြတ်သာထည်! အခုပြန်လာခဲ့! ''

'' ခစ် လာဝူး လာဝူး ''

နေ့လည်နေ့ခင်း သားအဖနှစ်ယောက် တရေးတမောအိပ်မယ်ဆိုပြီး သားလေးကိုပါ ဖက်ပြီး အိပ်လိုက်တာ ၊ နိုးလာတော့ သားကမြူးဘေးမှာမရှိတော့။ စံအိမ်မှာ ဂရုစိုက်ပေးမယ့်သူတွေအများကြီးနဲ့ ဘာမှမဖြစ်နိုင်တာသိပေမဲ့ ကိုယ့်သားလေးကိုယ်တော့ ပူရတာပါပဲ ။

ရေချိုးခန်းထဲဝင်ရှာတော့လည်းမတွေ့။ အပြင်ထွက်ပြီး ဟိုဟိုဒီဒီအခန်းတွေထဲဝင်ကြည့်တော့လည်း မတွေ့။ နောက်မှ မိုးရွာနေတာကို သတိရပြီး အပြင်ကို အမြန်ပြေးကြည့်တော့မှ...တွေ့ပါပြီ။ ဘေးနားက Cheese နဲ့အတူ ဖင်တလုံးလုံးနဲ့ မိုးရေထဲမှာပတ်ပြေးနေတဲ့ ဖက်ထုပ်ပေါက်စ။ ၅နှစ်ပြည့်သွားပြီဆိုတော့ ဒီဖက်ထုပ်က ခြေထောက်တိုတိုတုတ်တုတ်လေးတွေနဲ့ ဖမ်းမရအောင် ပြေးတတ်နေပြီ။

Smile ကတော့ အပေါက်ဝမှာ ပုံ့ပုံ့ကြီးထိုင်ပြီး သားနဲ့ Cheese ကိုထိုင်ကြည့်နေသည်။ ရေစိုမှာ ၊ ရွှံံ့တွေပေမှာကို အတော်မကြိုက်တဲ့ ကြောင်မလို့ Smile ကတော့ စိတ်ချရသည်။ Smile ကိုယ်ကြီးကို ပွေ့ချီလိုက်ပြီး သားကိုတဖန်ထပ်ခေါ်ရသည်။

'' ရိုးမြတ်သာထည်! ပါပါး နှစ်ခါမပြောချင်ဘူးနော်! ''

ဘေးနားမှာ စံအိမ်က ကောင်လေးနှစ်ယောက်က သားကို လိုက်ထိန်းပေးနေသည်။ သားဘာပူဆာဆာ လိုက်လျောတတ်တဲ့ စံအိမ်ကဝန်ထမ်းတွေကလည်း ဘယ်လိုမှာမှာမရ ၊ အကိုလေး အသာနေပါ။ သခင်လေးကို သူတို့ ထိန်းပေးမယ်ဆိုတာချည်း။

ဘယ်အချိန်ကထဲက မိုးရေထဲရောက်နေမှန်းမသိတာမို့ ကလေးမလေးတစ်ယောက်ကို ထီး နဲ့ ခြင်း တစ်လုံး ယူခိုင်းလိုက်ကာ မြူးပါ မိုးရေထဲဆင်းရတော့၏ ။

'' အေးနော် ၊ ပါပါးလာပြီ ။ အခုမှ ပြေးမယ် မကြံနဲ့ ''

'' ခစ် ပါးပါ မိုးရေချိုး''

'' ဘာ ပါပါးပါ မိုးရေချိုးလဲ ၊ ဒယ်ဒီလာရင် ဆူခံရတော့မယ် ၊ မကြောက်ဘူးလား ဖက်ထုပ်စုတ် ''

'' ကြောက်ဝူး ၊ ကြောက်ဝူး ''

သားဘေးနားက Cheese ကပါ အမြီးတရမ်းရမ်းလုပ်ပြကာ မြူးကို ပြောင်ပြနေသယောင်။

Agent of JoyDonde viven las historias. Descúbrelo ahora