Part 35 [ Unicode ]

12.7K 702 31
                                    

'' သားငယ် ၁၂နာရီထိုးပြီလေ ထတော့ ''

'' သားငယ် ''

- ဒုန်း ဒုန်း

အိပ်မက်ထဲမှာလား အပြင်မှာလားမသိ တဒုန်းဒုန်းနဲ့ကြားနေရတာကြောင့် မြူးလန့်နိုးလာရသည်။ ခေါင်းတွေလည်းထိုးကိုက်နေကာ အမြင်အာရုံကလည်းမသဲကွဲ။

'' သားငယ်! ''

'' အာ ထပြီ မာမီ ထပြီ ''

အိပ်မက်ထဲမှာမဟုတ်ပဲ အပြင်မှာဖြစ်နေတာပဲ။ စားပွဲခုံပေါ်က နာရီကိုကြည့်လိုက်တော့ ၁၂နာရီ။ သွားပြီ။ သူဘယ်လိုလုပ် အဲ့လောက်အိပ်ပျော်သွားရတာလဲ။ ဆိုင်လည်းသွားရဦးမည်။ မြူး အိပ်ရာပေါ်က ကုန်းရုန်းထပြီး မှန်ကြည့်လိုက်သည်။ မျက်နှာတစ်ခုလုံးဖောင်းအစ်နေကာ နှုတ်ခမ်းတွေလည်းပေါက်နေတာကြောင့် လန့်သွားရ၏ ။ ညကသူမူးပြီး ရန်ဖြစ်ခဲ့တာများလား။

- ဒေါက် ဒေါက်

'' မာမီဝင်လာပြီနော် ''

'' မာမီ မာမီ သားကို ခုမှဘာလို့လာနှိုးရတာလဲ ဆိုင်သွားဖို့နောက်ကျကုန်ပြီ''

မနက် ၈နာရီကနေစပြီး တစ်နာရီတကြိမ် တတ်နှိုးနေရတဲ့ ဒေါ်လမင်းသာ ရင်ဘတ်ကိုဖိထားလိုက်ရသည်။ အခန်းထဲထိ ဝင်နှိုးဖို့ကလည်း အရွယ်ရောက်နေတဲ့သားရဲ့အခန်း။ ကျေးဇူးရှင် လင်တော်မောင်ကလည်း မနက်စာစားပြီးတာနဲ့ အလုပ် အလုပ်ဆိုပြီး ထွက်သွားသည်။

'' မာမီ ၈နာရီကထဲကတတ်နှိုးနေတာလေ သားငယ်မှမနိုးတာ ဆိုင်အတွက်လည်း မာမီ သားလင်းကိုဖုန်းဆက်ပြောထားတယ် မင့်သူငယ်ချင်း မနေ့ညကလူမှန်းသူမှန်းမသိ မူးနေလို့ တရက်လောက်ခွင့်ပေးပါဆိုပြီး ''

မာမီ့စကားကို ကြားတော့ မြူးရှက်ရှက်နဲ့ ခေါင်းကုတ်ပြီး ရယ်ပြလိုက်သည်။ သူဘယ်လောက်တောင်ဆိုးခဲ့လို့လဲ ။ ဒါနဲ့ ကိုကိုကရော။ ညက ပွဲမပြီးခင် ကိုကိုကားပေါ်လိုက်ပို့တာထိ မြူးမှတ်မိ၏ ။

'' အာ မာမီ ဒါနဲ့ ကိုကိုကရောဟင် ဟီး ''

'' မပြောပြဘူး ကိုယ့်ဘာသာကိုယ်စဉ်းစား ရေမိုးချိုးပြီးရင် အောက်ဆင်းခဲ့ ပျားသံပုရာဖျော်ထားတယ် ''

Agent of JoyDonde viven las historias. Descúbrelo ahora