အခန်း (၃) စစ်ပွဲခေတ္တရပ်ဆိုင်းခြင်း

675 48 1
                                    

unicode

"ကြောက်နေတာလား" ထိုသူရဲ့ ခပ်ဩောဩော ယောကျာ်းဆန်သည့်အသံသည် ရထားလုံးထဲတွင် ပဲ့တင်ထွက်လာခဲ့ပြီး၊ နဂိုကတည်းက ကြောက်နေသည့် အီဗီကို ဆတ်ခနဲ တုန်တက်သွားစေသည်။ ထို့အပြင်သူမရဲ့ သတို့သမီးဝတ်စုံကို တင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့တာကြောင့် သူမ၏လက်ဆစ်များက ဖြူဖျော့လို့လာတာကို သူမ သတိထားမိသွားကာ ပြတင်းပေါက်ပြင်ဘက်ကို မျက်နှာမူလျက် မြင်ကွင်းထဲက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် စောနလေးတင်ကမှ မင်္ဂလာပွဲကျင်းပခဲ့ကြသော နန်းတော်ကြီးကို မျက်နှာတည်ကြီးနှင့် စိုက်ကြည့်နေလိုက်သည်။

တဖြည်းဖြည်းချင်း ထိုသူ့ကို မျက်နှာ ချင်းဆိုင်ရန် အီဗီ လှည့်လာခဲ့လိုက်သည်။ မျက်နှာကို မော့လိုက်သည့်အခါမှာတော့ သူ့ရဲ့ ပြီးပြည့်စုံလွန်းလှသည့် မျက်နှာချောချောလေးသည် သူမ၏အကြည့်များကို ဆွဲဆောင်သွားကာ သူ့ကို စိုက်ကြည့်နေရင်း သူမ၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာရှိနေ၏။ သူသာ... သူသာ လူသားဆိုလျှင်။

ထို့နောက် သူမ ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။ ဟုတ်တာပေါ့ သူမ လိမ်နေခဲ့တာ။ သူမ သေလောက်အောင် ကြောက်နေသည်။ သူမခင်ပွန်းက... သူမရဲ့ ခင်ပွန်းက ကြည့်ကောင်းလွန်းတဲ့ သတ္တဝါဖြစ်နေပေမယ့်လည်း ထိုလှပပြည့်စုံခြင်းတို့ရဲ့ နောက်ကွယ်တွင် ဘာတွေကို ဖုံးကွယ်ထားလည်းဆိုတာ သူမသိနေသည် မဟုတ်ပါလား။

"ဗန်... ဗန်ပိုင်းယားတွေက ရထားလုံးမစီးဘူးလို့ ကျွန်မ ထင်ထားခဲ့တာ" နေရခက်စေပြီး ကျယ်လောင်လွန်းသည့် တိတ်ဆိတ်မှုကို ဖြိုခွင်းရန် ထိုသူရဲ့ ရုပ်ရည်သည် မည်မျှပြည့်စုံလွန်းတယ်ဆိုတာနဲ့ မဆိုင်တဲ့ ဦးနှောက်ထဲမှာ ပထမဆုံး ပေါ်လာသည့်အတွေးကို သူမ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ ပိုတိုးတိုးလာသည့် သူမ၏ အကြောက်တရားကို ဖျောက်ဖျက်ဖို့လည်း ဖြစ်နိုင်၏။ သူမ စိတ်လျှော့ထားဖို့ လိုနေသေးသည်။ ယခုအချိန် သူမ လုပ်နိုင်တာဘာမှ မရှိတော့ချေ။ ပြန်နောက်ဆုတ်လို့မရတော့တာကြောင့် ယခုအချိန်မှာ ကြောက်ရွံ့နေတာသည် သုံးစားလို့မရသလို သူမ ရှင်သန်ချင်လျှင် သူမ၏ အကြောက်တရားကို အနိုင်ယူပြီး ရှေ့ဆက်လျှောက်ရမည့် ဘဝသစ်ကို ရင်ဆိုင်ရပေမည်။ တခြားလူတွေ သူမအတွက် အသင့်ပြင်ဆင်ထားပေးသည့် အိပ်ရာပေါ်မှာအိပ်ရင်အိပ်၊ ဒါမှမဟုတ်လည်း ဖြစ်လာသမျှကို ဒုက္ခခံရန်သာ ရွေးချယ်စရာရှိတော့သည်။

ညို့မှိုင်းယစ်ငင်Tempat cerita menjadi hidup. Temukan sekarang