unicode
အီဗီ သည် သူမ့ခင်ပွန်းက ဒီကစားနည်းလေးကို နှစ်သက်နေပုံပေါ်သဖြင့် သူမ၏ နှုတ်ခမ်းများကို ဖိလိုက်မိသည်။ ဒါပေမယ့် ဒီသတင်းကောင်းက ဘာလဲဆိုတာ သူမတကယ်သိချင်ခဲ့တယ်။
"ရှင်က...တကယ်ကိုအစအနောက်သန်တဲ့သူပဲ။" သူမ ညည်းညူနေသော်လည်း သူမသည် သူ့ကိုယ်သူ လှောင်ရယ်ခြင်းမှ ရပ်တန့်စေရန် သူ့အောက်နှုတ်ခမ်းကို ထပ်မံကိုက်မိသည့် ဂါဘရီရယ် နှင့် နီးကပ်လာသည်။
"ပိုတိုးခဲ့အုံး၊ ဇနီးလေး။"
သူမ နှုတ်ခမ်းတွေကို ပိုတင်းတင်းကြပ်ကြပ် ဖိထားပြီး တုံ့ဆိုင်းနေပေမယ့်လည်း နာခံစေဆဲဖြစ်နေတာကြောင့် ဂါဘရီရယ် ရဲ့ မျက်လုံးတွေကို ပိုလို့တောင် တောက်ပလာစေ၏။
အီဗီ သည် ဂါဘရီရယ် ထံဆက်၍ ချဉ်းကပ်လာစဉ် သူတို့က အရမ်းနီးကပ်နေပြီ၊ သူတို့မျက်နှာတွေက တလက်မပင်မကွာေတာ့ဘူး။ သူမ သူ့ကို မော့မကြည့်ဝံ့ဘဲ ရင်ဘတ်ကို တည့်တည့်စိုက်ကြည့် နေမိသည်။ နောက်ဆုံးတော့ သူ အပေါ်က ငုံ့လာပြီး နှုတ်ခမ်းတွေက သူ့မနားကို ကပ်သွားသလို ခံစားလိုက်ရတယ်။ အဲဒါကို သူမသိပေမယ့် သူ့ရဲ့အေးမြတဲ့ ထွက်သက်က နားရွက်ကို စိမ့်ဝင်သွားပြီး ကမောက်ကမဖြစ်သွားသလို။
"နောက်ဆုံးတော့ ကိုယ့်ဇနီးက ကိုယ့်အပေါ်စတင်လှုပ်ရှားလာခဲ့ပြီ။"
သူမ နောက်ပြန်ဆွဲကာ သူ့ကိုကြည့်နေသည်။ "ဘယ်လို"
သူ ခါးကို ငုံ့ထားပြန်သည်၊ ဤတစ်ကြိမ်တွင် သူ၏ အသက်ရှုသံသည် သူမ၏ ပါးပြင်ပေါ်သို့ ကျရောက်လာသည်။ "သူမကကိုယ့်ကိုနမ်းလုနီးပါးပဲ။ ဒါသူမ ကိုယ့်ကိုပထမဆုံးအကြိမ် အဲ့လိုဆက်ဆံတာ။"
အီဗီ က စကားမပြောနိုင်လောက်အောင်ပင်ဆွံ့အသွားရတော့သည်။ ဂါဘရီရယ် ကျေနပ်ပြီး အနည်းငယ် ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြန်ဖြေလျှော့လိုက်သောအခါတွင် သူမ၏ မျက်နှာသည် ပြုတ်ထားသော ပုဇွန်ကဲ့သို့ နီရဲလာသည်။ "မင်း ခိုးကြောင်ခိုးဝှက် လုပ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ဇနီးလေးရယ်၊ မင်း ကိုယ့်ကို ခုန်အုပ်ပြီး အချိန်မရွေး ကိုက်စားဖို့ အမြဲတမ်း ကြိုဆိုနေတယ်လေ။ ကိုယ်က မင်းအတွက်ပဲ" သူက ခပ်ဆိုးဆိုးရယ်မောရင်း အီဗီ က အပူလွန်ကဲမှုကြောင့် သူ့မတစ်ကိုယ်လုံး ပေါက်ကွဲသွားသလို ခံစားရတယ်။
CZYTASZ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...