unicode
"ဒါမှမဟုတ်၊ ရိဒ် က ငါ့ကို သင်ပေးနိုင်မလား။" ဂါဘရီရယ် ငြိမ်နေချိန်တွင် သူမက ထပ်ပြောသည်။ ရိဒ် သည် ဂါဘရီရယ် ၏ထိပ်တန်းစစ်သည်များအကြားတွင် ဓားအကျွမ်းကျင်မှုဆုံးဖြစ်ကြောင်း သူမကြားသိရသည်။ ဂါဘရီရယ် က သူမကို ကိုယ်တိုင်ကိုယ်ကျသင်ပေးဖို့ တောင်းဆိုတာ မကောင်းဘူးလိုထင်မှတ်မိသည်။ သူမ၏ ကျိုးကြောင်းဆင်ခြင်မှုအရ၊ ထိုအမျိုးသားသည် သန်မာလွန်းသောကြောင့်ဖြစ်ပြီး၊ သူ့တွင် နောက်ထပ် အရေးကြီးသော ကိစ္စရပ်များကို ပါ၀င်ရန် လိုအပ်ကြောင်း သေချာပါသည်။
သို့သော် သူမကို မသိလိုက်တာက၊ သူမ အကြံပြုထားသည့်အရာက ဂါဘရီရယ် ၏မျက်နှာကို အရိပ်အနည်းငယ် ပိုမှောင်သွားစေခဲ့သည်။ သူ့အကြည့်တွေက ရိဒ်ဆီ ချက်ချင်း ရောက်သွားသည်။ 'သူမကို ငြင်းလိုက်။' စိတ်ခြင်းဆက်သွယ်ကာ အမိန့်ပေးလိုက်သည်။ 'ယဉ်ယဉ်ကျေးကျေးနော်။'
ဘုရားသခင်... ရိဒ်သည် အီဗီ ကို ချိုသာစွာ မပြုံးပြမီတွင် ထိုစိတ်ခြင်းဆက်သွယ်မှုကြောင့် ညည်းတွားမိတော့သည်။
"ငါ့ကို ခွင့်လွှတ်ပါ သခင်မလေး။ ငါကတော်ပေမဲ့ အသင်အပြမကောင်းဘူး။ အရှင့်သားက ငါတို့အားလုံးထဲမှာ အကောင်းဆုံး ရွေးချယ်မှုပဲ။ သူက အရမ်းတော်တဲ့ ဆရာပဲ။" ရိဒ်သည် သူ၏သခင်အတွက် ယဉ်ကျေးစွာ အကြောင်းပြချက်ပေးခဲ့သည်။ သူ့ကိုယ်သူ ဖုံးကွယ်ထားချင် သေးသောကြောင့် သခင်မ၏ ရှေ့မှောက်တွင် သခင်၏ ဂုဏ်ကျေးဇူးကို ပြောဆိုရပေမည်။
အီဗီ က ဂါဘရီရယ် ကိုကြည့်လိုက်တော့ သူ့မျက်နှာက တောက်ပလုနီးပါး ဖြစ်နေသည်။ ရိဒ် လှည့်ပတ်ကြည့်နေတာကို သူမသတိမထားမိဘဲ ဆူညံနေဟန်တူသည်။ ဂါဘရီရယ် သည် ကျေနပ်အားရစွာဖြင့် ရိဒ် ကို စူးစူးရှရှ အကြည့်တစ်ချက်သာ ပေးပို့ပြီးကျန်တာသူဦးဆောင်မှာဖြစ်လို့ သူရှေ့ကနေထွက်သွားရန် သတိပေးခဲ့ပြီး ကျန်လူများသည်လည်း ရိဒ် ၏ လုပ်ရပ်ကို အထင်ကြီးကာ ပြုံးပြနေခဲ့ကြသည်။
"လာပါ ဇနီးရယ် ကိုယ်သင်ပေးမယ်။" ဂါဘရီရယ် လက်ကမ်းလှမ်းပြီး အီဗီ က သူ့လက်ကို လှမ်းကိုင်လိုက်သည်။
YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...