အခန်း (၁၈) : ကြီးမားသောအမှား

375 40 2
                                    

unicode

ဂါဘရီရယ် မေးလိုက်တဲ့အခါ တိတ်ဆိတ်မှုကကြီးစိုးလာပြီး အီဗီ ဆွံ့အသွားရသည်။ မျက်လုံးများ ပြူးကျယ်စွာဖြင့် သူ့ကိုသာ ကြည့်နေနိုင်သောကြောင့် သူမ၏ နှုတ်ခမ်းများသည် အနည်းငယ် တုန်ရီနေသည်။ သူမ ဘယ်လောက်ပဲ မတုန်လှုပ်အောင် ကြိုးစားနေပါစေ သူနဲ့ တီယာ ကနေတဲ့ မြင်ကွင်းကို သူမပြန်မြင်လာရပြီး ခံစားချက်တွေကပိုဆိုးလာကာ ထိုမေးခွန်းကလည်း သူမကို ပြင်းပြင်းထန်ထန် ထိတ်လန့်စေခဲ့သည်။

"မဟုတ်ဘူး သ-သဝန်တိုတယ်။ ဘ-ဘာလို့သဝန်တိုရမှာလဲ" သူမ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရင်း ဂါဘရီရယ် ရဲ့ မျက်လုံးတွေကို ရှောင်ကာ မြေပြင်ပေါ်ကို ငုံ့ကြည့်ရင်း ဒီစကားကို ခေါင်းခါကာ ဖြေလိုက်မိသည်။

ဂါဘရီရယ် သည် သူမကို ဂရုတစိုက်ကြည့်ကာ သူ့မျက်လုံးထဲတွင် တစ်ခုခု တောက်ပနေခဲ့သည်။ သူ၏ နှုတ်ခမ်းပါးလွှာသည် အပြုံးကို မျိုသိပ်ထားသကဲ့သို့ အနည်းငယ် လှုပ်ယမ်းနေသည်။ အဆုံးတွင် သူသည် သူ၏ ပြီးပြည့်စုံသော အဖြူရောင် သွားများဖြင့် အောက်နှုတ်ခမ်းကို ဖမ်းကိုက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ရန် အခြားနေရာကို တိတ်တဆိတ် ကြည့်နေလေသည်။

သူ တဖန်သူမကိုပြန်ကြည့်လိုက်ကာ သူ့အမူအရာက လေးနက်သော်လည်း နူးညံ့သည်။ သူ ခြေတစ်လှမ်း ပိုနီးကပ်လာသော်လည်း အီဗီ က နောက်ပြန်ဆုတ်သွားတာကိုကြည့်ရင်း သက်ပြင်းချမိလိုက်သည်။

"ကိုယ့်ကိုကြည့်ပါဦး မိန်းမ။" သူ့အသံက ဆွဲဆောင်မှုရှိပြီး နွေးထွေးသည်။ သို့သော် အီဗီ သည် လှည့်ထွက်သွားသည်။ "မင်းမနာလိုမဖြစ်ရင် မင်းဘာလို့ဒီလိုတုံ့ပြန်ရတာလဲ"

အီဗီ သည် သူမ၏ စကတ်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ် လာသည်ကို ခံစားလိုက်ရသည်။ "အဲ့လိုမဟုတ်ဘူး၊ ငါဒီနေရာကထွက်သွားချင်နေပြီ" သူမ ငိုတော့မည်ကို သူမ သတိမထားမိဘဲ သူ့ကို အော်ဟစ်လိုက်သည်။

ဂါဘရီရယ် က ငြိမ်ပြီး တိတ်ဆိတ်သွားတယ်။ သူ့အကြည့်တွေကတော့သူမအပေါ်မှာပင်။ သူမ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာကို​မြင်ပြီးတဲ့နောက်၊ နှိမ့်ချပြီး ပါပီလေးတကောင်လို ချွဲနွဲတဲ့အသံဖြင့်ပြောလိုက်သည်။ "ကောင်းပြီ ကိုယ်နားလည်ပြီ။ ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့မယ်။"

ညို့မှိုင်းယစ်ငင်Where stories live. Discover now