အခန်း (၆၂) မြန်မြန်

344 14 0
                                    

UNICODE

အီဗီ က ဂါဘရီရယ် ကို အဝေးသို့သာ တွန်းထုတ်စေရန်အလို့ငှာ တစ်စုံတစ်ယောက်သည် သူ့လည်ချောင်းကို တမင်ဟန့်လိုက်သည်။

"အရှင်သား၊ အချိန်က ကျော်နေပြီ၊ ငါတို့ အခုထွက်သွားရမယ်။" လူးစ် က သူဘာမှမမြင်သလို၊ မကြားသလို သူ့မျက်နှာကို တည်ငြိမ်ဖြစ်အောင်လုပ်ကာ ပြောလိုက်သည်။

"သွား၊ ကျွန်မအဆင်ပြေမှာပါ။" အီဗီ သည် ခင်ပွန်းဖြစ်သူအား စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်ရန် ကြိုးပမ်းကာ တိုက်တွန်းခဲ့သည်။ အယ်လီးယက်စ်ကလည်း အီဗီ ၏ဝတ်ရုံနှင့် ဓားမြှောင်ကို ကိုင်ထားပြီး လှေကားပေါ်မှ တက်လာခဲ့သည်။

"ကောင်းပြီ။" ဂါဘရီရယ် ၏ ဖက်ထားတာကို ကျေကျေနပ်နပ် ပြေလျော့ပေးလိုက်သည်။ သူမကို မလွှတ်ချင်လွှတ်ချင်လုပ်နသည့်ပုံကို ဒီမှာရှိနေသည့်သူတိုင်း မြင်နေရသည်။ "ဒါပေမယ့် မင်း ကိုယ့်ကို အရင်နမ်းဖို့ လိုတယ်။" ဂါဘရီရယ် သည် အီဗီ ကို ကလေးဆန်စွာ တောင်းဆိုလိုက်သည်မှာ ဒီမှာရှိသည့်အိမ်တော်ထိန်းနဲ့သူ့လူတွေရှေ့မှာ ရှိနေတာတောင် ဂရုမစိုက်ပေ။

အီဗီ နှင့် အခြားဗန်ပိုင်းယားနှစ်ယောက်သည် သူတို့၏မေးရိုးများ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်ကို အသံကိုအတိုင်းကြားနိုင်သည်။ သူမသည် အယ်လီးယက်စ် နှင့် လူးစ် ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်သား ရုတ်တရက် တဖက်သို့လှည့်ပတ်လှည့်ကာ သူတို့လင်မယား အရေးအတွက် သီးသန့်နေရာပေးလိုက်သည် - ထားပါတော့၊ မည်သည့်နေရာတွင်မဆို သီးသန့်နေရာ ကိုတော့ ပေးရမယ်လေ။

"မြန်မြန်လုပ်ပါ သခင်မလေး။" လူးစ် က တောင်းပန်ပြီး သူ့အသံက ဘယ်လောက်တောင်ရှက်နေသည်ကို သူမ ကြားနိုင်နေသည်။

"မြန်မြန်လုပ်ပါ၊ သခင်မလေး။" အယ်လီးယက်စ် လည်း အလားတူ အသံထွက်ပြီး အီဗီ က ပြုံးရုံသာ တတ်နိုင်သည်။ဒီလူက တစ်ခါတလေ မဖြစ်နိုင်တဲ့ဟာကိုလုပ်တတ်တာကို သူမသိပေမယ့် အတိုင်းအတာအထိပေါ့။ ဘုရားေရ၊ အခုချက်ချင်းတောင်းနေတာ မယုံနိုင်ဘူး။

ပီဗီ လည်ပင်းကို အလျင်အမြန် ဖက်ပြီး နမ်းလိုက်သည်။ အထူးသဖြင့် ဂါဘရီရယ် သည် သူ့နှုတ်ခမ်းအား ဖွင့်ဟပြီး သူမကို ဖိတ်ခေါ်နေသောကြောင့် အီဗီ သည် သူ့ပါးစပ်အတွင်းသို့ လျှာကိုလျှောဝင်ကာ နမ်းလိုက်သည်။

ညို့မှိုင်းယစ်ငင်Where stories live. Discover now