unicode
အီဗီ သည် သူ့စကားကြောင့် တင်းမာနေသော်လည်း သူမ လျစ်လျူရှုထားခဲ့သည်။ "ဘာမှ မဖြစ်ဘူး။"
"ငါ့ကိုကြည့်၊ အီဗလင်း" သူက အခိုင်အမာ။ အီဗီ က နာခံဖို့ ငြင်းဆန်တဲ့အခါ ဂါဘရီရယ် က အသက် ပြင်းပြင်းရှူပြီး မျက်လုံးကို ခဏလောက်မှိတ်ပြီး ပြန်ဖွင့်လိုက်တယ်။
"ကိုယ့်ကို ထပ်ခါတလဲလဲ မလုပ်နဲ့..."
နောက်ဆုံးတော့ အီဗီ လှည့်လာပြီး သူမရှေ့က ယောက်ျားလေးရဲ့ ရင်သပ်ရှုမောဖွယ် အလှတရား ကြောင့် သူမ လည်ချောင်းထဲမှာ အသက်ရှုကြပ်နေသေးတာကို သူမ မယုံနိုင်လောက်အောင်ပါပဲ။ သူဘာကြောင့် ဒီလို အလိမ်ခံရမှာလဲ။
သူ့မခံစားချက်တွေကို ဖုံးကွယ်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း အီဗီ က သူ့ကို ခံစားချက်မဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
ဂါဘရီရယ် ၏ပါးပြင်ရှိ ကြွက်သားများသည် သူ့မေးရိုးတစ်လျှောက် အကြောတွေ ထောင်နေ သော်လည်း ဇနီးသည်၏မျက်နှာကို စိစစ်နေစဉ်တွင် သူ့အတွင်းပိုင်း၌ တိုက်ပွဲဝင်နေသကဲ့သို့ အချိန်အတော်ကြာအောင် ငြိမ်နေခဲ့သည်။
"ကောင်းပြီ... မင်းဘာလို့ဒီလိုလုပ်နေတာလဲ ကိုယ်မမေးတော့ဘူး" သူ့အကြည့်တွေ ပျော့သွားသည် ။ အဲ့အစား ကိုယ်ဘာလို့မင်းနဲ့အချိန်မဖြုန်းနိုင်လဲ ဆိုတာ ကိုယ့်ကိုမေးနော်၊ ဇနီးလေး။" သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံက သူမကို ချော့မော့လာခဲ့သည်။
အီဗီ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ အဘယ်ကြောင့်? သူဘာလို့ဒီလိုဖြစ်ရတာလဲ။ ကျေးဇူးပြုပြီး... ရပ်လိုက်ပါတော့... ငါ့ကို ဒီလိုလုပ်တာ ရပ်လိုက်ပါ... ငါ မနာကျင်ချင်တော့ဘူး...
သူ့မကိုယ်သူမ နာကျင်မှု မှတ်မိအောင် အတင်းအကြပ်ပြောပြီး ဒါဟာ သူတွေ့ကြုံရမယ့် မငြိမ်မသက်မှုရဲ့အစပဲလို့ အီဗီ က သူ့မကိုယ်သူမ သတိသွင်းကာ တားနိုင်ခဲ့သည်။
သူမ မျက်လုံးတွေကို ကြည့်ပြီး ခက်ခက်ခဲခဲ မျိုချခဲ့ရတယ် "အဲ့လိုမလုပ်ပါဘူး အရှင့်သား။ အရှင့်သား တခြားတစ်ယောက်နဲ့ အတူတူနေရင်တောင် ကျွန်မစိတ်မဆိုးပါဘူး။ အာ့ကြောင့်ဘာလို့ တစ်နေ့လုံးအချိန်မဖြုန်းနိုင်တာလဲလို့မေးပိုင်ခွင့်မရှိဘူး၊ ပြီးတော့လည်း ကျွန်မကိုယ်တိုင်က အရှင့်သားကိုထိခွင့်မပြုထားတဲ့သူတယောက်မို့ မေးလိုက်မယ်ဆိုရင် ကျွန်မတကိုယ် ကောင်းဆန်ရာကျသွားမှာပေါ့။"
BẠN ĐANG ĐỌC
ညို့မှိုင်းယစ်ငင်
Viễn tưởngခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...