unicode
တေးဂီတသံသည် ဆက်လက်ပေါ်ထွက်နေစဥ် အီဗီ သည် လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး အာရုံပြောင်းသွားခဲ့သည်။ ဗီရာ အမည်ရှိတဲ့ မင်းသမီးလေးသည် မကြာသေးမီက သူမဆီလာပြီး ဧကရာဇ်မင်းကဲ့သို့ပင် ထိုအမျိုးသမီးသည် သူမကို တရင်းတနှီးဖြင့် ဆက်ဆံလာခဲ့သည် ။ ဂါဘရီရယ် ကိုတော့ သိသာစွာ အလျင်စလို နှုတ်ဆက်ပြီးသည့်နောက်တွင် သူမက ကမန်းကတန်း သို့ ထွက်ခွာသွားတော့လေသည်။
အီဗီ ၏နောက်တွင်ရပ်နေသော အယ်လီးယက်စ် ပြောပြလာသည်မှာ ဗီရာ ဟာဒီအင်ပါယာရဲ့ တစ်ဉီးတည်းသော သွေးစုပ်ဖုတ်ကောင်မင်းသမီးဖြစ်ကြောင်းပင်။ အံ့ဩစရာကောင်းတာက သူတို့ဆီမှာဆို မင်းသမီးတွေဆယ်ပါးထက်မနည်းရှိကြလေသည်။ ကွာခြားချက်မှာ အလွန်ကြီးမားချက်။ ဒါဆို မင်းသားတွေအများကြီးရှိတာများလား။
"မင်းသားတွေကရော.. ဘယ်နှစ်ပါးရှိတာလဲ?" အီဗီ က အယ်လီးယက်စ် ကိုမေးလိုက်တယ်။ ဂါဘရီရယ်က သူမဘေးတွင်ထိုင်နေသော်လည်း အယ်လီးယက်စ် ကိုသာမေးလိုခဲ့သည်။ အယ်လီးယက်စ် နဲ့ စကားပြောရတာ ဖရက်နဲ့ ဂီနာတို့နဲ့ စကားပြောနေရသလို အရမ်းကိုမှ လွတ်လပ်သည်ဟုခံစားရသည်။ ဒါအပြင့် အီဗီ သည် ဒီနည်းနဲ့ သူမဟာ ဂါဘရီရယ် နဲ့ -အထူးသဖြင့် သူမမျက်လုံးတွေကို လှည့်စားနေတဲ့ မျက်လုံးတွေကို ရှောင်ရှားနိုင်မယ်လို့ တွေးထားတာကြောင့် ဖြစ်သည်။
"နှစ်ပါးပဲရှိပါတယ် သခင်မလေး" အိမ်တော်ထိန်း က ပြောဖြေလိုက်လာခဲ့လေသည်။
"အိမ်ရှေ့စံမင်းသားနှင့် အရှင့်သား ဂါဘရီရယ်တို့ပါ"။
အီဗီ မျက်လုံးပြူးသွားတော့သည်။ တကယ်? တကယ်ကြီးနှစ်ယောက်ပဲလား?! သွေးစုပ်ဖုတ်ကောင်များ၏ မျိုးပွားနိုင်စွမ်းသည် လူသားများနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် နည်းပါးနေပုံရသည်။ ယခုအခါတွင် သွေးစုပ်ဖုတ်ကောင်များသည် အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်ခံသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သူမအနည်းငယ် နားလည်လာတော့သည်။
သူမ၏စိတ်ထဲတွင် သူမ၏ကိုယ်ပိုင်အတွေးများဖြင့် နစ်မွန်းနေစဉ် သနားစရာကောင်းတဲ့ အိမ်တော်ထိန်းကတော့ ဂါဘရီရယ်ရဲ့ခြိမ်းခြောက်တဲ့အကြည့်တွေနဲ့အကြည့်ခံနေရတာကို သူမမြင်လိုက်ပေ။ ဒီလိုအေးစက်စက်အကြည့်တွေနဲ့အကြည့်ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူ့ကို နောက်ထပ်မေးခွန်းတွေမေမးခင် အီဗီ ဘေးကနေ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားတာကို သူမသတိမထားမိခဲ့ပါဘူး။
ŞİMDİ OKUDUĞUN
ညို့မှိုင်းယစ်ငင်
Fantastikခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...