အခန်း (၃၄) ကြီးလေးသောအမှား

312 26 3
                                    

unicode

T/N note - warning a little pr.

"ကိုယ့်ကို မင်းကို ထိခွင့်ပေးပါ။" ပြင်းပြပြီး လေးလံသော ညည်းညူသော အသံသည် ပြင်းထန်သော အရှိန်ပြင်းပြင်းဖြင့် သူမကို ပူလောင်စေသည် ။

အီဗီ စကားမပြောနိုင်။ သူမ၏ လျှာသည် ရောင်ရမ်းလာပြီး ပါးစပ်ကို ကော်ဖြင့်ကပ်ထားသလိုဖွင့်မရခဲ့။ သူမကိုကြည့်နေတဲ့ တောက်ပတဲ့ မျက်လုံးတွေကြောင့် သူမ မလှုပ်ရှားနိုင်လောက်အောင် ပြောင်းလဲသွားခဲ့လေပြီ။ သူမကို ဖြားယောင်းသွေးဆောင်ကာ ညှို့ယူနေသလို ကူကယ်ရာမဲ့ကာ သူ့မအလိုဆန္ဒနှင့် အတွေးများနှင့် တုံ့ဆိုင်းမှုအားလုံးက လာသတ်ပါတော့လိုဖိတ်ခေါ်နေသလိုပင်။

"ကိုယ်တောင်းဆိုတာအရမ်းများသွားလားဟင်။" သူ့အသံက နာကျင်စွာ ညည်းညူသံတစ်ခုလို ထွက်လာသော်လည်း ခဏအကြာတွင် ယခင်ကထက် ပိုမိုနက်ရှိုင်းလာကာ ဆာလောင်လာခဲ့သလို။

"ဒါဆို နမ်းရင်ရော ဘယ်လိုလဲ အီဗီ နမ်းပါရစေ... နမ်းရုံပဲလေ... ကိုယ်မထိဘူး ကတိပေးတယ်"

သူ့စကားများ၊ သူ၏ ရင်းနှီးမှု၊ ဓာတ်လိုက်​​ေနလိုဖြစ်စေတဲ့ အကြည့်များနှင့် သူမ၏ နှုတ်ခမ်းများဆီသို့ အေးမြသော အသက်ရှုသံများက အီဗီ ၏ စိတ်အား တုန်လှုပ်သွားစေခဲ့သည်။ သူမ နှလုံးခုန်သံကိုတောင် မလိုက်နိုင်တော့ဘူး။ သူမကိုယ်တိုင်ပင်မသိခင်မှာ ခေါင်းညိတ်လိုက်တယ်။

"အို-အိုကေ၊ နမ်းရုံပဲနော်... မထိ... မထိရဘူး..." လို့ သူမသဘောတူပါတယ်လို့ ဘယ်အရာက ပြောထွက်စေခဲ့လဲဆိုတာအီဗီ မသိတော့ပါ။ ဖြစ်နိုင်တာက သူမပြန်မဖြေမချင်း သူကဆက်လက် တောင်းဆိုနေမယ်ဆိုတာတော့သူမနားလည်လိုက်တယ်။ပြီးတော့လည်းအဖြေကရတယ်ဆိုတာပဲလိုချင်နေဟန်။ သူမကြောက်တာက ခုန်ဝင်လာသူကသူဖြစ်ရမယ့်အစား သူမဖြစ်နေပြီး ကိုယ့်ကိုကိုယ် ဒီလိုအဆုံးသတ်သွားမှာကိုပင်။ သူမခန္ဓာကိုယ်က သူမခင်ပွန်းဟာ အန္တရာယ်ရှိတဲ့သူတယောက် မှန်းနားလည်နေသလို တုန့်ပြန်မှုပေးနေသည်။ ဂါဘရီရယ် ဆိုသူမှာလည်း လေတချက်ချွန်ရုံနဲ့တင် မိန်းမတွေကသူ့ဆီပစ်ဝင်လာကြမှာ အမှန်အကန်ပေ-အိုမဟုတ်သေးဘူး လေချွန်စရာတောင်မလိုဘူး၊ သူ့အကြည့်တချက်နဲ့တင် ဆွဲဆောင်တာကလုံလောက်သည်။

ညို့မှိုင်းယစ်ငင်Hikayelerin yaşadığı yer. Şimdi keşfedin