အခန်း (၅၃) ညစာ

252 14 0
                                    

unicode

အီဗီ ကို ဧရာမ တံတိုင်းကြီး၏ ထိပ်တွင်ရှိသော သူတို့၏ ညစာစားပွဲသို့ ခေါ်သွားခဲ့သည်။ လှေကားထစ်ကနေ တက်လာချိန်မှာတော့ အီဗီ က သူမကို ကြိုဆိုနေတဲ့ မြင်ကွင်းကို အံ့သြသွားသည်။

နောက်ဆုံးအဆင့်ကို မရောက်ခင် ရပ်တန့်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ မနေ့က သူတို့ရပ်ကြည့်နေခဲ့တဲ့ ကင်းမျှော်စင် အလွတ်က အခုမြင်ရတာနှင့် အရမ်းကွာခြားနေသည်။ အလယ်တွင် စားပွဲတစ်လုံးနှင့် သက်တောင့်သက်သာရှိသော ကုလားထိုင်နှစ်လုံးကို နေရာချထားသည်။ မီးအိမ်များသည် ကင်းမျှော်စင်နံရံ၏ထိပ်ကို ပတ်ထားပြီး အလယ်တွင် ရှုပ်ထွေးပွေလီသော ဖယောင်းတိုင်မီးအိမ်တစ်ခုရှိနေသည်။ စားပွဲသည် လှပသောစားပွဲခင်းများဖြင့်သေချာ ခင်းကျင်းထားပြီး အရသာရှိလှသော အစားအစာများဖြင့် ပြည့်နှက်နေသည်ကိုမြင်ရသောအခါ သူမ သရည်ပင် ကျသွားမိသည်။

အီဗီ သည် ရိုမန့်တစ်ဆန်လှတဲ့အပြင်အဆင်ကို မယုံနိုင်လောက်အောင်ပင်။ ထို့နောက်တွင် လက်တင်ကုလားထိုင်တစ်လုံးရှေ့၌ထိုင်နေသော အမျိုးသားတစ်ဦးထံသို့ သူမ၏ မျက်လုံးများ ကျရောက်သွားပြီး အခြားသူများ မမြင်နိုင်သောအရာကို မြင်နေရသကဲ့သို့ မှောင်မည်းနေသော နေရာကို မျှော်ကြည့်ေနသည်။ ပလ္လင်တော်ပေါ်တွင် ထိုင်နေချိန်၌ စိတ်အေးလက်အေး စိတ်ချယုံကြည်ရသော အမှောင်ဘုရင်၏ ပုံရိပ်သကဲ့သိုပင်။

သူမသည် သူ ကိုအကြည့်မခွာနိုင်ပဲ အကြောင်းတစ်ခုခုကြောင့် သူမ မလှုပ်ချင်သေးဘဲ သူ့ကို နည်းနည်းပိုကြည့်ချင်မိသည်။ ဒါပေမယ့် သူက သူ့မဘက်လှည့်ပြီး ပြုံးပြလာသည်။ အီဗီ သည် သူမထံသိုအမူမဲ့အမှတ်မဲ့ ပစ်လွှတ်လိုက်သည့် ရင်သပ်ရှုမောဖွယ် အပြုံးကြောင့် သူမ အသက်ရှု ရပ်တန့်သွားမတတ်ပင်။

ဂါဘရီရယ် သည် စကားတစ်ခွန်းမှ မပြောဘဲ မတ်တပ်ရပ်လိုက်ပြီး သူမအတွက် အခြားကုလားထိုင်ကို ဆွဲထုတ်ကာ သူမကို ထိုင်ရန် အသံတိတ်ဖိတ်ခေါ်လိုက်သည်မှာ သိသာထင်ရှားသည်။

"ဒါက အရမ်းကိုလှတယ်..." လို့ မှတ်ချက်ချကာ လှည့်ကြည့်ပြန်သည်။ သူမ၏ မျက်လုံးများသည် လေးလေးနက်နက် တောက်ပနေသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora