unicode
ခိုင်မာသောသန္နိဋ္ဌာန်ချထားပြီး အီဗီ အချိန်ကြာမြင့်စွာ ဝီရိယစိုက်ထုတ်တည်ဆောက်ခဲ့ရတာတွေဟာ ဂါဘရီရယ် ၏နှုတ်ဖျားမှ ထွက်လာသောစကားလုံးများအားလုံးမှ ကာကွယ်ရန် ဘာမှမစွမ်းဆောင်နိုင်ခဲ့ချေ။ သူ့စကားတွေက မီးမြှားတွေလိုပါပဲ။ သူ့အကာအကွယ်ကို အတင်းမထိုးဖောက်သွားခဲ့ပေ။ သို့သော်၊ ၎င်းတို့သည် ချော်ရည်များကဲ့သို့ ဖြည်းဖြည်းချင်း တိုက်စားလာပြီး သူမ၏အကာအရံများကို အရည်ပျော်စေကာ သူမ၏အရိုးများထဲသို့ စိမ့်ဝင့် စီးဆင်းသွားကြလေသည်။
ပြီးတော့ သူမဟာ အားကိုးရာမဲ့နေခဲ့ပြီး – လုံးဝအကူအညီမဲ့နေသလိုမျိုးကို ခံစားနေရသည်။ တုန်လှုပ်ချောက်ချားစရာ စကားလုံးများသည် သူမ၏ နှလုံးသား၊ စိတ်နှင့် ခန္ဓာကိုယ်ကို ယခုကဲ့သို့အကျိုးသက်ရောက်စေတာလား။ သူမအပေါ်တွင် သူ့ရဲ့အပြောများဖြင့်သတ်လိုက်သလို ခံစားလိုက်နေရပြီး—သူမ၏ခန္ဓာကိုယ်သည် သူမတစ်ခါမှမခံစားဖူးသောပုံစံများဖြင့် တုံ့ပြန်မှုဖြစ်စေသည့် သေစေသော စကားလုံးတွေပြောသလိုမျိုးဖြစ်နေပြန်သည်။
"အီဗီ..." သူ့ခေါင်းကို သူမနားသို့ တိုးကပ်လာသည်။ ယခု သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားသောကြောင့် သူသည် ခေါင်းကို ငုံ့ကာ နားရွက်တစ်ဖက်မှ သူရဲ့ထွက်သက်ဝင်သက်ကို ခံစားလိုက်ရသည်။ထို့နောက် သူမ၏ အာရုံကြောတိုင်းတွင် လျှပ်စစ်စီးဝင်သွားသလိုပင်။ "ကိုယ်မင်းကိုနမ်းချင်တယ်၊ မင်းရဲ့နှုတ်ခမ်းတွေကိုအရသာခံချင်တယ်၊ နော်..အီဗီရယ် နော်။"
သူ့အသံက နွေးနွေးထွေးထွေးရှိပြီး မယုံနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းကာပြုစားနေသလို ခံစားရသည်။ စိတ်အားထက်သန်သည့် ဆန္ဒများကြောင့် သူ့အသက်ရှူသံများ ကျယ်လောင်လာပုံရသည်။ စိတ်အားထက်သန်သော အမျိုးသားတစ်ဦးသည် အသံကိုထိုသို့သော ဆွဲဆောင်မှုရှိမည်ဟု သူမ မသိခဲ့ပါ။ ဒါကြောင့်သူမအရှုံးပေးချင်လာတာ မဆန်းပါဘူး။ ပြီးတော့လည်း သူက သူမရဲ့ခင်ပွန်းပဲလေ။
သူမရဲ့အကာအကွယ်တွေ တစတစအရည်ပျော်လာကာ ပြုစားထားတာက အလုပ်ဖြစ်လာသလိုပင်။ ပြီးတော့ သူမ ရဲ့နှလုံးသား ကွဲအပ်လာတဲ့အသံကိုပင် ကြားလာရသယောင်ယောင်။ သူမ၏ နှုတ်ခမ်းများကို ဖုံးအုပ်ထားသော လက်များသည် တဖြည်းဖြည်းလျော့ရဲလာသည်။ သူမလည်း ထိုနှုတ်ခမ်းများရဲ့ အရသာကို မြည်းစမ်းကြည့်ချင်သည်၊ သူ့ရဲ့အသက်ရှုတာထက်ပိုပြီးပူလောင်နေမလား........
YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...