အခန်း (၂၅) အဲ့ဒီနေ့ရောက်လာတဲ့အခါမှာတော့ 🚨

430 32 1
                                    

Unicode

အီဗီတံတွေးမျိုချလိုက်မိသည်။

"လွန်ခဲ့တဲ့သုံးရက်အတွင်း အဲ့အမျိုးသမီးကို လူမပြောနဲ့အရိပ်တောင်မတွေ့ဘူး၊ အီဗလင်း။" သူ၏ ခိုင်မာသော အသံထွက်လာပြီး အီဗီသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ရုံသာ။ သူမတယောက်တည်း သူ့ကိုစွပ်စွဲကာအထင်တွေးမှား နေခဲ့တာပေါ့လေ။

"ကျွန်.ကျွန်မ... အဲဒါ..."

သူမစကားတွေများနေချိန်မှာ ဂါဘရီရယ် ဟာ သူ့လက်တွေကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး သူမရဲ့​နောက်က နံရံကို တဖက်စီထောက်ထားလိုက်သည်။ သူမ သူ့ကိုရှောင်ဖို့ နောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့နံရံနားကပ်သွားတာတောင် သတိမထားမိလိုက်ချေ။

သူမ သူ့ကို မော့ကြည့်လိုက်တော့ သူတို့မျက်နှာတွေ တိုက်မိလုနီးပါးဖြစ်နေပြီး သူမခေါင်းကို နံရံဘက်ကို တတ်နိုင်သမျှ လှည့်ထိထားလိုက်တယ်။ သို့သော်၊ သူ့မျက်ခုံးကြားရှိ အတွန့်များနှင့် တောက်ပနေသော မျက်လုံးများ၏ ပြင်းထန်မှုကို သူမမြင်လိုက်သော အခါမှာတော့ အီဗီ သည် ငေးကြည့်ရင်း အသံမထွက်နိုင်တော့ပေ။

သို့သော် သူမ၏ တုံ့ပြန်မှုများမှာ ကြောက်စိတ်ကြောင့် မဟုတ်ကြောင်း သူမ လျင်မြန်စွာ သဘောပေါက်ခဲ့သည်။ ဒါပေမယ့် သူမကိုကြည်နေတဲ့သူ့မျက်ဝန်းတွေက နူးညံ့ပြီး အရည်တွေ တလက်လက်တောက်ပနေသလို၊ သူ့ခန္ဓာကိုယ်ကတော့ ဒေါသရိပ်တွေဖြာထွက်နေပြီး သူမျက်နှာအမူအရာကလည်း နာကျင်နေတယ်လို့ သူမခံစားနေရသည်။

အီဗီ၏ နှလုံးခုန်သံများကို​ကြားလုနီးပါးကို အခန်းက နာကျင်စွာ တိတ်ဆိတ်သွားသည် ။ နောက်အခိုက်အတန့်မှာတော့ သူ့မခန္ဓာကိုယ်က တင်းမာလာသလို သူ့မနားရွက်ကိုထိတဲ့ နွေးထွေးတဲ့ အသက်ရှုသံကို ခံစားလိုက်ရလေသည်။ "တီယာနဲ့စေ့စပ်တဲ့ကိစ္စပြောမယ့်အချိန် ကိုယ်မင်းကိုရှာဖို့ထထွက်လာခဲ့တာ၊ပြန်လာတော့လည်းမင်းကို ခေါ်လာပြီးအခန်းထဲပို့နေတာနဲ့ သူတို့ကိုထွက်မတွေ့တော့ပဲ ပြန်လွှတ်လိုက်တာ၊ အဲ့နေ့ကသူတို့သားအဖကိုနောက်ဆုံးတွေ့တာပဲ။" သူက ​ဖြည်းညှင်းစွာ ရှင်းပြသည်၊ သူ့အသံကို ပျော့ပျောင်းနေအောင် ရုန်းကန်ရသည်မှာ ထင်ရှားနေပြီး သူ့အသက်ရှုတောင်မဝကြောင်း နားထောင်ရင်းနဲ့သိနိုင်သည်။ "အာ့တာကို မင်းကဘာလို့ ကိုယ်လိုချင်တဲ့မိန်းမကတီယာလို့ပြောရတာလဲ။" အသံက မာကျောသွားကာ သူမကို လှည့်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည်။

ညို့မှိုင်းယစ်ငင်Où les histoires vivent. Découvrez maintenant