အခန်း (၄၁) ဝင်ရောက်ယှဉ်ပြိုင်သူများ

202 19 0
                                    

unicode

"သခင်မ​လေး၊ အိုး... မင်းထပ်ပြီး အရင်​နေရာမှာ စားချင်လား? အရေးကြီးတာတစ်ခု ရုတ်တရက် ပေါ်လာတဲ့အတွက် အရှင့်သား ကအတူလာမစားနိုင်တော့ဘူးတဲ့။" အယ်လီးယက်စ် သည် အီဗီ အား ထမင်းစားမည့် အစီအစဉ်ကို ရှင်းပြနေစဉ် သူ့အကြံပြုချက်တွင် ချီတုံချတုံဖြစ်ကာ တောင်းပန် စကားဆိုလာသည်။

ထိုင်ခုံနေရာယူမည့် အီဗီ က ရပ်လိုက်သော်လည်း ဧည့်ခံသူအား စိက်သက်သာစေရန် သူမ၏မျက်နှာပေါ်တွင် အတင်းပြုံးပြလိုက်သည်။ "အဆင်ပြေပါတယ်၊ အယ်လီးယက်စ်၊ နေရာပြောင်းစရာ မလိုပါဘူး။ ဒီမှာ ထမင်းစားရတာ အဆင်ပြေပါတယ်။ တစ်ယောက်တည်း စားရတာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ဘူး" သူမက ပြန်ပြောခဲ့ပါတယ်။

"ငါမင်းနဲ့ထိုင်ရင် အဆင်ပြေရဲ့လား၊​ လေဒီအီဗလင်း။" အီဗီ သည် အသံလာရာကိုကြည့်လိုက်တဲ့အခါ ကြော့ရှင်းသော ဆံပင်ဖြူရောင်အမျိုးသမီးက ပြုံးကာ သူမအနားသို့ ချဉ်းကပ်လာသည်။ ဤသည်မှာ အီဗီ ဆံပင်ဖြူရောင်သွေးစုပ်ဖုတ်ကောင်ကို ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်သည်။

ဗန်ပိုင်းယားသည် အသက်ကြီး၍ ရှေးကျသော ညွှန်ပြချက်မှာ ၎င်းတို့၏ ဆံပင်ဖြူသည်ဟု ဆိုကြသည်။ သူ့ဆီသို့ လျှောက်သွားသော အမျိုးသမီးသည် အလွန်လှပ ကြော့ရှင်းနေသေးပြီး မိဖုရား ဖြစ်နိုင် လောက်သော အရိပ်အာဝါသကို လွှမ်းခြုံထားသည်။ သူမသည် နှောင်းဧကရီ၏မိခင်ဖြစ်နိုင်လား။

"မြို့စားကတော် အော်ရိုရာ။" အယ်လီးယက်စ် က ထိုအမျိုးသမီးအား နှုတ်ဆက်ပြီး သူမအား လေးလေးနက်နက်လေး ​ကြည့်လာသည်။ အီဗီ သည် အယ်လီးယက်စ် ၏ လုပ်ရပ်ကို လိုက်နာပြီး ချက်ချင်းပင် နှုတ်ဆတ်လိုက်သည်။ သူမသည် ဂါဘရီရယ်နှင့် သူလူများ မှလွဲ၍ မြိုးစားနဲ့ မြို့စားကတော် အပါအဝင် ဘယ်သူကိုမှနှုတ်မဆတ်ဘူးတာကြောင့် မြို့စားကတော် သည် ရုတ်တရက် သူမထံချဉ်းကပ်လာခြင်းကြောင့် သူမကို လုံးဝသတိမထားမိခဲ့ပေ။ သူမနဲ့ နီးနီးကပ်ကပ်နေဖို့က အဆင်ပြေပါ့မလား။

"မြို့စားကတော်၊ တွေ့ရတာ ဝမ်းသာပါတယ်" အီဗီ က နှုတ်ဆက်ပြီး မြို့စားကတော် ရဲ့ အပြုံးကတိုးလာခဲ့တယ်။ "ဒီအစားအစာမှာ မင်းရဲ့ရှေ့မှောက်မှာ ငါ့ကို စေတနာထားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အရှင့်သမီးလို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အခုလိုအချိန်ဖဲ့ပေးရတာ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။" အီဗီ သည် မွန်မြတ်သော အမျိုးသမီး တစ်ဦးထံ၌ မျှော်လင့်ထားသည့်အတိုင်း ယဉ်ကျေးပြီး ယဉ်ကျေးပျူငှာခြင်းကို တွေ့ရသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora