အခန်း (၂၄) : ပေါက်ကွဲသံ

328 36 5
                                    

unicode

အီဗီ နောက်ဆုံးတော့ သတိပြန်ရလာတဲ့အခါ မနက်မိုးလင်းနေပြီဖြစ်ပြီး ခန်းစီးကြား အပေါက်သေးသေးလေးကနေ တောက်ပတဲ့ နေရောင်အလင်းတန်းတွေ ဖြာထွက်နေခဲ့သည်။ အဝတ်လဲခန်းကနေ ထွက်လာချိန်မှာတော့ ဂါဘရီရယ် ဟာ အခန်းထဲမှာ ရှိနေပါပြီ။ သို့သော်လည်း သူမသည် သူ့ကို တစ်ချက်ကြည့်လိုက်ကာ သူ့ကို ကယ်တင်ခြင်းအတွက် ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်ကြောင်းပြောပြီးနောက်မှာတော့ သူ့ကိုထပ်မကြည့်ဖြစ်တော့ပေ။

သူမသည် ငြိမ်သက်ခြင်း၏ မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ယောက်ျားဖြစ်သူက သူမနှင့် စကားစမြည်ပြောရန် ကြိုးစားသောအခါတွင်လည်း သူမသည် တယောက်တည်းနေလိုကြောင်း ခင်ပွန်းဖြစ်သူကိုပြောခဲ့သည်။ သို့တိုင် သူသည် သူမကို ဘယ်သောအခါမှ စိုက်မကြည့်ခဲ့သလို ဒေါသလည်းမထွက်ခဲ့ပေ။ သို့သော် ဇနီးသည်ကို တောင့်တစွာ စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် စူးစူးဝါးဝါး အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။

အစားအစာစားနေစဉ်တွင်ပင် အီဗီ သည် ဂါဘရီရယ် ကို လျစ်လျူရှုကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဂါဘရီရယ် ကမေးခွန်းတွေမေးလာရင်လည်းတိုတိုတုတ်တုတ်သာဖြေပြီး သူ့ကိုတစ်စက္ကန့်ထက်ပိုမကြည့်တာကြောင့် ဘာမှထပ်မပြောတော့ပေ။ တတိယအကြိမ် တစ်ယောက်တည်း ထားခဲ့ဖို့ ပြောတဲ့အခါ ခင်ပွန်းဖြစ်သူက သူတို့အခန်းကို ဘယ်တော့မှ မလာခဲ့တော့ပါဘူး။

ဒီလိုနဲ့ သုံးရက်ကလျှင်မြန်စွာ ကုန်ဆုံးသွားပါတော့သည်။

ယင်း​နေ့ရက်များသည် သူမဘဝတွင် အဆိုးရွားဆုံးသောနေ့ရက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမသည် အလွယ်တကူပင် စွဲလန်းမိခြင်းအတွက် သူမ နှလုံးသားကို အပြစ်တင်နေမိခဲ့သည်။ သူမသည် ထိုအိပ်မက်ဆိုးကြီးတွင် မိမိကိုယ်ကို မနာလိုဝန်တိုစိတ်ကြောင့် သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ ဤမျှ မိုက်မဲခြင်းမှာ သူမအပြစ်ဟု သူမယုံကြည်သည်။ အချစ်၌ကျရှုံးခြင်းသည် သူမ၏ဘေးဒုက္ခကိုသာ ဆောင်ကြဉ်းပေးလိမ့်မည်ဟု သူမအတွက် သတိပေးသည့် နိမိတ်ဖြစ်ကောင်းဖြစ်နိုင်သည်ဟုပင် သူမထင်ခဲ့သည်။ ဒါကို သူမ တလျှောက်လုံး သိနေခဲ့တာ။ မှန်ပါသည်၊ ထိုသူသည် သူမ၏ ခင်ပွန်းဖြစ်သော်လည်း တစ်ချိန်တည်းတွင် သူမ၏ရန်သူလည်းဖြစ်သည်။ သူမဖခင်ကသူမကိုလာပြီးကယ်တင်တဲ့အခါကျရင် သွေးစုပ်ဖုတ်ကောင်တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီး သူတို့နှစ်ဉီးလည်းအချင်းချင်းတိုက်ခိုက်ရမည် ဖြစ်သည်။

ညို့မှိုင်းယစ်ငင်Where stories live. Discover now