အခန်း (၃၀) အကြီးမားဆုံးသွေးဆောင်မှု

274 22 0
                                    

unicode

အယ်လီးယက်စ် သည် သူ၏ ကျိုးကြောင်းဆင်ခြင်မှုကို မငြင်းနိုင်သော်လည်း အိမ်ဖော်ကဲ့သို့ သူ့ဇနီးကို ကူညီရန် သူ၏သခင်ကမ်းလှမ်းမှုကိုလည်း သဘောမတူနိုင်ပေ။ "အရှင့်သားပြောတာမှန်ပါတယ်၊ ဒါပေမယ့် ဒီလိုမျိုး အစစအရာရာအောက်ခြေသိမ်းလိုက်လုပ်ပေးနေရအောင် အရှင့်သားက အိမ်ဖော်မဟုတ်ဘူးနော်၊ အရှင့်သားရဲ့ရာထူးကိုလည်း ကျေးဇူးပြုပြီး စဉ်းစားပါ။"

"ငါက သူ့ခင်ပွန်းပါ။ ဒါက ကိစ္စမရှိပါဘူး။ ငါ့မိန်းမကို ကူညီဖို့က ငါ့တာဝန်ပ​ဲ​ေလ။"

သူ့အကြည့်တွေက စူးစူးရှရှဖြစ်လာပြီး အယ်လီးယက်စ် က ဒီထက်ပိုပြောလို့ဖို့ကောင်းမှာ မဟုတ်မှန်းသိလို့ သက်ပြင်းတွေချကာ 'ကောင်းပါပြီ အရှင်သား' လို့ သူ့ရင်ထဲမှာပဲ တွေးနိုင်ခဲ့တယ်။

"စားစရာ တစ်ခုခုပြင်ထား။" သူ အမိန့်ပေးသည်နှင့် အယ်လီးယက်စ် ချက်ချင်းထွက်သွားသည်။

အယ်လီးယက်စ် ထွက်သွားသည်နှင့် တပြိုင်နက် ဂါဘရီရယ် ၏ နှုတ်ဖျားမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ့ရှေ့မှ တံခါးကို ခေါင်းဖြင့် နောက်သို့ မှီလိုက်သည်။

"အီဗီ" ကြာလာတော့ သူ့ဇနီးက တော်တော်ကြာနေပြီထင်လို့ အော်လိုက်တယ်။

"ဟုတ်ကဲ့ ပြီးခါနီးပါပြီ။" သူမ၏ နူးညံ့သော အသံကို ကြားလိုက်ရပြီး နောက်ဆုံးတွင် တံခါးမှ သူ့ကိုယ်သူ တွန်းထုတ်လိုက်သည်။ ကုတင်ခြေရင်းသို့ လျှောက်သွားကာ သူမ ထွက်လာတာကို စောင့်ရင်း ထိုင်နေလိုက်သည်။

အီဗီ သည် တော်ဝင်အပြာရောင် ဂါဝန်ကို ၀တ်ထားပြီး တံခါးမှ ထွက်လာသည်။ သူမသည် အမြဲလိုလို လှပနေခဲ့ပြီး သူမ၏ ကြွေထည်အသားအရည်နှင့် ဆန့်ကျင်ဘက်ဖြစ်သော သူမ၏ ဂါဝန်အရောင်သည် ဆွဲဆောင်မှုရှိသည်။ ပြီး​တော့ သူမ နှင့်​...သူမရဲ့ ရှည်​လျား​သော​ငွေ​ရွှေ​ရောင်​ဆံပင်​များသည်​စိုစွတ်​ပြီး ရှုပ်​ယှက်​ခတ်​နေသည်​။ မျက်လုံးချင်းဆုံမိရင်း သူမ၏ပါးပြင်များ နီမြန်းလာသောကြောင့် ချက်ခြင်း အဝေးကိုကြည့်လိုက်သည်။

ညို့မှိုင်းယစ်ငင်Where stories live. Discover now