unicode
နောက်ဆုံးတွင်၊ အီဗီ သည် အရသာရှိသော အမဲသားကို မြည်းစမ်းနေချိန်အတွင်း ထူးဆန်းသော်လည်း ကြည်နူးမှုအပြည့်ရှိသော အငွေ့အသက်များမှ ရုန်းထွက်နိုင်ခဲ့သည်။ စားလိုက်တဲ့အလုပ်တိုင်းအလုပ်တိုင်းမှာ သူမကိုယ်သူမ တိမ်တွေပေါ်မှာမျောလွင့်နေသလိုမျိုးအရာအားလုံးကိုမေ့သွားစေသည်။ အစားအစာသည် ပုံမှန်သာဖြစ်သော်လည်း သူမအတွက်အလွန်ပင်အရသာရှိလှပေသည်။ ဒါကပုံမှန်စားနေကျထက်ဘယ်လိုတောင်ကောင်းရတာလဲ။
ထပ်ပြီးမယုံနိုင်စရာက သူမကို ကလေးလေးတယောက် ထမင်းကျွေးသလို ကျွေးနေတာကို သူမကိုယ်တိုင်ခွင့်ပြုထားမိနေခြင်းပင်ဖြစ်သည်။ ပြီးတော့ အဲ့ဒီသူကလည်း ဗန်ပိုင်းယားမင်းသား... 'ဘုရားရေ အီဗီရယ် နင်ဟာလေ.......'
အီဗီကို နောက်ထပ်အသားကင်တစ်ပိုင်းကို ကျွေးရန်ကြိုးစားနေတဲ့ ဂါဘရီရယ် ၏လက်ကို မြင်တဲ့အခါ အီဗီတစ်ယောက် အံ့အားသင့်သွားပြီး မလှုပ်မယှက်ဖြစ်နေသည်။
သူက အသားကင်ကို သူမနှုတ်ခမ်းနားကို တိုးလာတဲ့အခါ အီဗီ အနည်းငယ်တွန့်သွားလေသည်။ ထို့နောက်တွင်တော့ သူမသည် မျက်လုံးများကို အမြန်မှိတ်ပြီး အသက်ပြင်းပြင်းရှူကာ သူမရဲ့ခင်ပွန်းသည်က သူ့မိန်းမနှင့် အဝေးမှာ မနေလိုကြောင်း ပြောခဲ့ပုံကို သတိရလိုက်သည်။ ထိုကြောင့် တည်ငြိမ်သောအသက်ရှုသံနှင့်အတူ သူမမျက်လုံးများကိုဖွင့်ကာ သူမ၏လက်ကို ရဲရဲတင်းတင်းမြှောက်ကာ ဂါဘရီရယ် ၏လက်ကောက်ဝတ်ကို ညင်သာစွာ ကိုင်လိုက်ပြီး တားလိုက်မိတော့သည်။
"ကျွန်မ... ကိုယ့်ဘာသာကိုယ် စားလို့ရပါတယ်...အရှင့်သား" သူမသည် ထိုစကားအနည်းငယ်ကို ခပ်တိုးတိုးပြောရင်း သူမ သူ့လက်ကောက်ဝတ်ကို ကိုင်ထားဆဲဖြစ် ကြောင်း သိလိုက်ရတာနဲ့မျက်နှာလေးနီရဲနေတော့သည် ။ ထို့အပြင် အလွန်သန်မာလှတဲ့လက်ကောက်ဝတ်ကို တွေ့လိုက်ရတဲ့ အီဗီ သည် သူမ၏လက်က သွေးများ ဆူပွက်လာသကဲ့သို့ တုန်လှုပ်ချောက်ချားလာသဖြင့် သူ့လက်ကို ပြန်ဆုတ်လိုက်ရသည်။ သူမကို
ကြည့်နေတယ်လို့ ခံစားလိုက်ရတာကြောင့် နီရဲနေသော နားရွက်ဖျားများမှ အငွေ့များပင် ထွက်ကျလာသည်ဟု သူမ ထင်မှတ်မိတော့
သည်။ သူမဘာလုပ်နေတာလဲ။ အရသာရှိသော အသားကင်လေးတစ်ခုနဲ့ သူမ ထိန်းချုပ်ခံလိုက်ရတာလား။ ကလေးတစ်ယောက်လို လွယ်လွယ်နဲ့ လိမ်ခံလိုက်ရတာလား။ အသားကင်တစ်ပွဲက သူမကိုလွယ်လွယ်နဲ့သွေးဆောင် လို့ရလိမ့်မည်ဟုပင် ထင်မထားခဲ့။
ESTÁS LEYENDO
ညို့မှိုင်းယစ်ငင်
Fantasíaခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...