unicode
အီဗီ သည် သူမ ထိုသို့အနေအထားဖြင်ပင်အကြာကြီးတွေးနေမိပြီး အာရုံကို လက်ရှိအချိန်သို့ မနည်းပြန်ဆွဲခေါ်လိုက်ရသည်။
ဖရက် နှင့် ဂီနာ သည် အပြုံးများဖြင့် တံခါးမှ ထွက်လာပြီး သူမကို နှုတ်ဆက်သည်။
"မင်္ဂလာညချမ်းပါ သခင်မလေး။ ကျွန်မတို့ သခင်မလေးကိုအဝတ်အစားလဲပေးမလို့ပါ" အီဗီ သူတို့နှစ်ယောက်ကို ပုံမှန်အတိုင်းပြုံးပြဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။
သူတို့အလုပ်ကို တိတ်ဆိတ်စွာလုပ်နေတဲ့ သူတို့နှစ်ယောက်က သူ့မဘေးမှာ တဝဲလည်လည်။ သူမ၏စိတ်သည် လွင့်မျောနေကာ ရံဖန်ရံခါတွင်သူမ၏မျက်ခုံးများကို ကျုံ့ထားကာ အတွေးတစ်ခုက သူမစိတ်ကိုအနှောက်အယှတ်ပြုနေဟန်။
"သခင်မလေး အနားယူပြီးရင် တစ်နေရာရာကိုသွားချင်လား" ဂီနာ က ယဉ်ယဉ်ကျေးကျေးမေးတော့ အီဗီက သန်းခေါင်ကျော်နေပြီဆိုတာ သိတာကြောင့် မျက်မှောင်ကြုတ်လုမတတ်ပါပဲ။ ကျေးဇူးတင် စွာဖြင့်၊ သူမသည် ယခုအခါ အခြားကမ္ဘာတစ်ခုတွင် ရှိနေကြောင်း လျင်မြန်စွာ သတိရမိတာကြောင့် သူမသည် အချိန်မီ ရပ်တန့်နိုင်ခဲ့သည်။ သူမ လာခဲ့တဲ့ ကမ္ဘာနဲ့ ဆန့်ကျင်ဘက် – တောက်ပတဲ့ နေ့အလင်းရောင်မှာ အနားယူကြပြီး မှောင်နေချိန်မှာ သွားလာလှုပ်ရှားပျော်ပါးကြတဲ့ ကမ္ဘာ။ အခု သူမဟာ သွေးစုပ်ဖုတ်ကောင်တွေလို နေထိုင်သွားရမှာလား။ သူမသည် ညဘက်တွင် နိုးနေပြီး နေ့ဘက်တွင် အိပ်နေရမှာလား။
အီဗီ သည် ပြတင်းပေါက်အပြင်ဘက်ရှိ အနက်ရောင်အမှောင်ထုကို လှမ်းကြည့်ရင်း၊ သူမ၏ အတွေးများသည် တောက်ပပြီး နေသာသော တောင်ပိုင်းအင်ပါယာဆီသို့ ပြန်ရောက်သွားခဲ့သည်။ သူမသည် မွေးရပ်မြေနှင့် ဝေးကွာသော အရပ်တွင် ရှိနေကာ သူမ၏ နှလုံးသားထဲတွင် အိမ်လွမ်းခြင်းကို ခံစားလိုက်ရသည်။
"သခင်မလေး သွားမယ်ဆိုရင် ကျွန်မတို့ဉယျာဉ်ထဲကိုခေါ်သွားပေးပါမယ်။" ဂီနာ အသံသည် နူးညံ့ပြီး သတိထားနေဟန်။ အိမ်ဖော်များရှေ့တွင် တခါတခါထိန်းချုပ်ရန်မေ့မေ့သွားသောခံစားချက်များ
CITEȘTI
ညို့မှိုင်းယစ်ငင်
Fantezieခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...