အခန်း (၄၃) စိတ်ဆိုးနေတာလား

307 23 2
                                    

unicode

အီဗီ သည် ဂါဘရီရယ် ကို အခန်းထဲတွင် စောင့်ဆိုင်းနေပြီး တစ်ခါတစ်ရံ ကြောင်တောင်တောင်ဖြင့် ကုတင်ပေါ်တွင် ထိုင်နေခဲ့သော်လည်း သူ တစ်ခါမှ ပေါ်မလာပေ။ နောက်ဆုံးတွင် သူမသည် နာကျင်ပြီး လေးလံသောနှလုံးသားဖြင့် ပင်ပန်းခက်ခဲစွာ အိပ်စက်ခြင်းထဲသို့ ကျသွားခဲ့သည်။

နောက်ဆုံး သူမနိုးလာသောအခါတွင် သူမ၏အကြည့်များသည် ပြတင်းပေါက်ဘက်သို့လှည့်မကြည့်မီ သူတို့၏အိပ်ရာဘေးဘက်သို့ ချက်ချင်းရောက်သွားခဲ့သည်။ ညက ဖြစ်နေပြီ။ အိပ်ပျော်နေသော်လည်း အနားမရဟု ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံနေရသည်။

အီဗီ ၏နှုတ်ခမ်းပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ကွေးညွတ်သွားသည်။ ထိုသူသည် သူ၏ ချောမောလှပသော မောင်းမမိဿံများနှင့် သွားအိပ်ရသည်ဟုသာ ကောက်ချက်ချနိုင်သည်။ သူ့မခံစားချက်တွေကို ဘယ်လို ငြင်းချင်သလို လျစ်လျူရှုဖို့ ကြိုးစားနေပါစေ၊ တကယ်တော့ သူမ နှလုံးသားက နာကျင်ကိုက်ခဲ​နေတာပဲ။ သူမ၏ မျက်နှာကို လက်ဖဝါးတွင် မြှုပ်ထားရင်း နူးညံ့သော ခါးသီးသော ရယ်မောသံသည်နှုတ်ခမ်းမှ လွတ်မြောက်သွားသည်။ ခင်ပွန်းသည်က အစကတည်းက သူမမျှော်လင့်ထားတဲ့အရာကို လုပ်လိုက်တဲ့အတွက်ကြောင့် သူမ မရယ်မောနိုင်ဘဲ မနေနိုင်... ဘုရားရေ ဘာကြောင့် ဒီလောက်ထိ နာကျင်ခဲ့ရတာလဲ၊ ဒီလိုမျိုး ဝေဒနာအတွက် သူမ မပြင်ဆင်ထားမိဘူး​လေ။ ၎င်းသည် သူမ၏ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းတွင် မပါဝင်ခဲ့ပေ။ အရာများသည် အမှန်တကယ်ပင် လမ်းလွှဲသွားခဲ့လေပြီ။

တစ်ညလုံး အီဗီ သည် သူ့မအခန်းထဲမှ ထွက်သွားရန် စိတ်မ၀င်စားခဲ့ပေ။ အယ်လီးယက်စ် သည် အစားအသောက်များကို ယူဆောင်လာကာအယ်လီးယက်စ် နှင့် စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် စားသောက်ခဲ့သည်။ အထိန်းတော်သည် သူမ ဘာသိဘာသာနေတတ်သောကြောင့် စိတ်ပူပင်မနေနိုင်ပေ။ သူမ မြို့တော်မှာ အရင်တစ်ခေါက်ကလို ရယ်စရာကောင်းလောက်အောင် ခေါင်းမာနေတာမျိုးမဟုတ်ပေမယ့် ဒီတစ်ခါတော့ သူမရဲ့ တိတ်တိတ်ဆိတ်ဆိတ်ကြောင့် သူ့ကို စိတ်ပူနေမိသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora