အခန်း (၄၈) ဖြေရှင်းနည်း

460 27 1
                                    

unicode

နောက်ဆုံးတွင် သူထပြီး စောင်ကို ဆွဲ ခြုံပေးလိုက်သည်။ သူ မတ်တပ်ရပ်လိုက်တဲ့အခါ အီဗီ က သူ့အကျီကို ဆွဲထားလိုက်သည်။

"ဘယ်...ဘယ်သွားမလို့လဲ" သူမမေးလိုက်သည်၊ သတိမထားမိဘဲ သူ့အင်္ကျီကို လက်ညိုးလေးဖြင့် တင်းတင်းကြပ် ဆုပ်ကိုင်ရင်း လွတ်ထွက်သွားမှာစိုးသည့်အလား။

"ကိုယ့်မှာ ရှင်းစရာကိစ္စလေးရှိလို့။" သူ့အကြည့်က တံခါးဘက်ကို စောင်းပြီး အပြင်မှာ အကြာကြီး ဖြစ်ပျက်နေတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာကြောင့် တုံ့ပြန်လိုက်ပါသည်။

"အလုပ်လား?"

"အင်း စိတ်မပူပါနဲ့ ကိုယ်မင်းကို အရင်မပြောဘဲနဲ့ ထပ်ထွက်မသွားတော့ဘူး" သူက ကျေနပ်စွာ ပြုံးပြီး နဖူးကို နမ်းလိုက်ရာ သူ့အရောင်က တစ်ဖန်ပြန်တက်လာသည်။

"ကိုယ်ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်... သူတို့ကို စကားနည်းနည်းပြောစရာရှိလို့။"

...

မြို့စားကြီးနှင့် ပါဝင်ပတ်သက်သူအားလုံးသည် တင်းမာတဲ့အခြေအနေဖြစ်နေတဲ့ ပလ္လင်တော် ခန်းမထဲတွင် စိုးရိမ်တကြီး စောင့်နေကြပြီး ဂါဘရီရယ် ​ရှေ့တွင် ငြိမ်သက်စွာရပ်နေကြသည်။

ထိုကဲ့သို့ အရေးတကြီးဖြင့် မင်းသားက ရုတ်တရက် ဆင့်ခေါ်လိုက်သောအခါတွင် သူတို့သည် ထိတ်လန့်မှုကို မခံစားနိုင်ဘဲ မနေနိုင်ပေ။ သူ၏ခေါင်းမာခြင်းအပြင် အရှင့်သားဂါဘရီရယ် သည် ကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် လူတိုင်းကို အပိုအလိုမရှိစေခိုင်းနိုင်သည့် အုပ်စိုးရှင်မျိုးဖြစ်ပြီး သူသည် ကိုယ်ရေးကိုယ်တာနှင့် သူ့စိတ် ခံစားချက်များကို တခြားကိစ္စများနှင့်ရောထွေးခြင်းတခါမှမရှိခဲ့ပေ။ ယခုအချိန်အထိ လူသား မင်းသမီးနှင့်လက်ထပ်ခြင်းကိစ္စနှင့် သူ၏သွေးသားကိစ္စမှလွဲ၍ ဝေဖန်ခံထိုက်သည့် ဆုံးဖြတ်ချက်ကို တစ်ခါမျှမချခဲ့ပေ။ ထိုအမျိုးသမီးတစ်ဦးဖြစ်ရခြင်းမှာ လူသားဆိုတဲ့ အချက်ကြောင့် မဟုတ်လျှင် သူ့တွင် အပြစ်အနာအဆာမရှိသလောက်ပင်။ သူသာလူနဲ့လက်မထက်ခဲ့ဘူးဆိုရင်တော့လား........

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora