unicode
နှင်းတွေ အရမ်းကျနေတော့ ဂါဘရီရယ် က အယ်လီးယက်စ် ကို သူတို့ရဲ့ အခန်ထဲမှာပဲ ညစာပြင်ခိုင်းလိုက်သည်။ အီဗီ က စားပွဲမှာ ထိုင်နေပြီး အယ်လီးယက်စ် က ရုတ်တရက် ပြန်ပေါ်လာကာ မင်းသားက ညစာအတူမစားနိုင်တော့ဘူးလို့လာပြောကာ တောင်းပန်လိုက်သည်။
"ရုတ်တရက် တစ်ခုခု ပေါ်လာတာလို့ထမင်းစားဖို့ အဆင်မပြေတာပါ သခင်မလေး။ ဒါပေမယ့် ဒီမှာပဲ အိပ်ဖို့ ပြန်လာမယ်လို့ ကတိပေးခဲ့တယ်။" အယ်လီးယက်စ် သည် သူ၏မင်းသားထံမှ အချက်အလက်များကို တတ်နိုင်သမျှ ထိန်းပြောနေခဲ့သည်။
"ငါ နားလည်ပါတယ်၊ အယ်လီးယက်စ်။ သူအရမ်းအလုပ်များနေတယ်ဆိုတာ ငါသိပါတယ်။သူ ငါနဲ့အတူ ညစာစားဖို့ ပြောတာတင်နဲ့ကိုပဲ ငါပျော်နေပါပြီ။" သူမရဲ့ နွေးထွေးချိုသာသော အပြုံးကို မြင်သောအခါ အယ်လီးယက်စ် က ထပ်ရှင်းပြရန် မကြိုးစားတော့ပေ။ မင်းသမီးက အခြေအနေကို အမှန်တကယ် နားလည်ကြောင်း သိသာနေကာ တော်ဝင်စုံတွဲသည် နားလည်မှုလွဲမှားခြင်းများကို ရှောင်ရှားနိုင်လောက်အောင် ဤအဆင့်သို့ ရောက်လာနိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။ သူတို့ကြားတွင် နားလည်မှုလွဲမှားမှုများ ထပ်မံပေါ်ပေါက်လာပါက မင်းသား၏ဒေါသကြောင့် သူတို့နှစ်ယောက်ကြားထဲ ရှင်သန်နိုင်မည်ဟု သူမထင်။
ထို့နောက် အီဗီ သည် သူမ၏ ညစာ ကျေနပ်စွာသုံးဆောင်ခဲ့ပြီး အယ်လီးယက်စ် သည် ယခုသူမကောင်းကောင်းစားနေသည်ကိုတွေ့၍ ဝမ်းသာသွားသည်။ သူ့ကျန်းမာရေးကြောင့် သူ့မ တစ်ခုခုဖြစ်ခဲ့ရင် အရှင့်သားက သူ့ကိုတာဝန်ယူခိုင်းမှာ သေချာသည်။ အယ်လီးယက်စ်စိတ်ထဲတွင် ထိုရလဒ်ကို တွေးရင်း တုန်လှုပ်နေခဲ့သည်။
အယ်လီးယက်စ် ရဲ့ဝေဖန်ပိုင်းခြားတတ်သော မျက်လုံးများက သူမကို အကဲဖြတ်သည့် မျက်လုံးများဖြင့် ကြည့်နေပြီး သူမ၏ အသားအရည်ကလည်း ပိုကောင်းလာသည်ကို တွေ့လိုက်ရသည်။ အရှင်သားရဲ့ ရဲတိုက်ကိုရောက်တုန်းကထက် သူမ ပိုပျော်နေပုံရသည်။ မင်းသား ဂါဘရီရယ် သူမကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းကို သူမ အမှန်တကယ် သဘောတူခဲ့ပုံရသည်။
CZYTASZ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...