unicode
သူမ ပတ်ပတ်လည်မှာမြင်ရတဲ့မြင်ကွင်းမှာ ကျောချမ်းစရာကောင်းပြီး သူမရဲ့ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးများပင်ထလာခဲ့သည်။ ပတ်ဝန်းကျင်ကြောင့် သူမ၏ကျောရိုးတစ် လျှောက်တွင် အေးစိမ့်နေခဲ့ပြီး ကြောက်စရာကောင်းတာကိုခံစားနေရသည်။ အမှန်စစ်စစ် ဒီနေရာသည် ကြောက်စရာကောင်းတာထက်ပင် ပိုဆိုးနေသေးသည်။ သစ်ကိုင်းခြောက်များပေါ်တွင် နားနေသော ကျီးကန်များသည်လည်း သူမတို့ကိုစိုက်ကြည့်နေသလိုပင် ခံစားနေရသည်။ ထို့အပြင် ဒီနေရာမှာ ရှင်သန်နေတဲ့အပင်တစ်ပင်တောင်မှ အီဗီမတွေ့ရပေ။
မြေပြင်ပေါ်မှာနှင်းခဲများဖြင့်အနည်းငယ်ထူထပ်နေပြီး ပတ်ပတ်လည်မှာလည်းမြူခိုးမြူငွေ့များဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်မှာ မနက်ခင်းအစောပိုင်းတွင်သာရှိနေသေးပေမဲ့ မြူခိုးတွေပိတ်နေတာကြောင့် ညနေခင်းလိုဖြစ်နေပြီး မကြာခင်မှာဘဲ ညမှောင်လာတော့မည့်သဖွယ် ဖြစ်နေခဲ့သည်။ အဲ့ဒီအချိန်မှာ သူမပတ်ပတ်လည်မှာရှိနေတဲ့ မြူခိုးတွေကြားကနေ ကြောက်စရာသတ္တဝါကြီးတွေ ထွက်လာမယ်လို့ အီဗီလျှောက်တွေးနေမိ၏။
"ကျွန်မ-- ကျွန်မထင်တာတော့ ကျွန်မတို့ဆက်သွားရအောင်လေ " သူမတီးတိုးပြောလိုက်သည်။
ဂါဘရီရယ် သူ့ခေါင်းကိုလည့်လာပြီး သူမနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ဒါပေမဲ့ မင်းသေချာပေါက်..."
"ကျွန်မ အဆင်ပြေပါတယ်"
"မင်း အဆင်ပြေမနေပါဘူး"
အီဗီ သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်လိုက်မိသည့်အခါမှာတော့ သူ့ရဲ့တောက်ပနေတဲ့ မျက်ဝန်းထဲကအရိပ်အယောင်များကြောင့် သူမအလွန်ပင်အံ့သြသွားခဲ့သည်။ သူက သူမအပေါ်စိုးရိမ်နေခဲ့တာလား။ သူ့ရဲ့စူးရှတဲ့အကြည့်တွေကြောင့် အီဗီခဏလောက် ကျောက်ရုပ်လိုတောင့်တင်းသွားခဲ့သည်။ ဒါပေမဲ့လည်း သူမချက်ချင်းပြန်စဥ်းစားလိုက်ပြန်တယ်။ ဒီမင်းသားလေးက သူမသေသွားမှာစိုးရိမ်တာ ပုံမှန်ပါပဲလေ။ သူမက သူတို့မျက်လုံးထဲမှာ အားနည်းတဲ့သတ္တဝါလေးပဲဆိုတော့ သူဒီလိုဂရုစိုက်ပေးတာက မထူးဆန်းလောက်ပါဘူး။ သို့သော် သူက သူမကိုငြင်သာစွာပင် လက်ကိုကိုင်ထားခဲ့သေးသည်။
YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...