unicode
"မင်းက အရမ်းလှတာပဲ အချစ်ရယ်။" သူ့အကြည့်တွေက ချစ်စရာကောင်းတဲ့ သူမရဲ့ ရုပ်ပုံလွှာကို ငုံ့ကြည့်နေတယ်လို့ ဆိုလိုတဲ့သဘောပင်။ ဒါပေမယ့် သူ ရှောင်ထွက်သွားသည်။ "ကိုယ် အဝတ်ချွတ်နေတုန်း ရေထဲကို အရင်သွားနှင့်နော်။ အေးနေပြီ။"
အီဗီ သည် ထူးထူးခြားခြား အအေးဒဏ်မခံစားရသော်လည်း ဂါဘရီရယ် ၏လက်ကို ကိုင်ကာ စည်ပိုင်းထဲသို့ ကူညီခွင့်ပေးလိုက်သည်။ သူမ၏ အဝတ်အစားမပါသော ခန္ဓာကိုယ်ကို ရေထဲတွင် ဝှက်ထားရန် မျှော်လင့်ချက်ဖြင့် သူမ၏ ခေါင်းမှလွဲ၍ အားလုံး နစ်မြုပ်သွားသည်အထိ သူမကိုယ်ကို အမြန်နှိမ့်ချလိုက်သည်။ အဖျားတက်နေသော အရေပြားပေါ်ရှိ ရေသည် ပူလွန်းသည်။
အီဗီ က သူ့မမျက်လုံးထောင့်ကနေ အဝတ်အစားချွတ်နေတာကို မြင်နိုင်ပေမယ့် သူမအတွေးတွေကို အတည်ပြုဖို့ အဲဒီဘက်ကို လှည့်မကြည့်ရဲဘူး။ သူမသည် မီးဖိုကို ပြတ်ပြတ်သားသား စိုက်ကြည့်နေမည့်အစား သူမအတွင်းပိုင်းရှိ ထင်ပေါ်နေသော မီးတောက်များမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူမဘာတွေဖြစ်နေတာလဲ၊ အဖျားရှိလား။ ဒါပေမယ့် ပုံမှန်အဖျားတက်သလိုမျိုး မခံစားရဘူး...
"ဇနီးလေး။" သူ့အသံက သူ့မကို အတွေးတွေကေနပြန်ဆွဲလိုက်သလိုမျိုး ဂါဘရီရယ် ဘက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်သည်။
"ဟမ်၊ ဘာ....." လို့ စိတ်ရှုပ်စွာ ပြန်ဖြေလိုက်ပေမယ့် သူမရဲ့ မျက်လုံးတွေက သူရှေ့ကို မြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ ကျန်ခဲ့တဲ့ သူမရဲ့ စကားတွေ ဆက်မဖြစ်ခဲ့ပါ။ သူမ လုံးဝ ထိတ်လန့်သွားပြီး သူ့ခင်ပွန်းရှေ့မှာ ဆွံ့အသွားခဲ့သည်။
"မင်းကြိုက်ရင်ကြည့်လို့ရတယ်လို့ ကိုယ်ပြောတော့မလို့ပဲ။" လို့ သူပြောပြီး အဲဒီအခိုက်အတန့်မှာ သူမကိုတွန်းအားပေးလိက်သလိုဖြစ်နေမှန်းသိလိုက်ပြီး အီဗီ အကြည့် မလွှဲနိုင်တော့ဘဲ အသေအချာကို ကြည့်နေမိသည်။
သူမဆီသို့ လျှောက်လာသောအခါတွင် သူ၏ချောမွေ့သော အရေပြားအောက်ရှိ တောင့်တင်းသော ကြွက်သားများသည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုလိုမျိုး။ အီဗီ သည် သူ၏ ပြီးပြည့်စုံမှုကို ငေးကြည့်ရုံမှတပါး မတတ်နိုင်ပဲ၊ မျက်လုံးများ က တုတ်ပြီးရှည်နေသောအရာတခုဆီသို့ ရောက်သောအခါ သူမ မသိစိတ်ကတံတွေး မျိုချမိလိုက်သည်။ အရင်က သူ့ရဲ့ အားလုံးမြင်ဖူးပေမယ့် ဒါက သူမ အသုံးမပြုနိုင်တဲ့အရာလိုပဲ မှတ်ယူထားသည်။ ဒါမှမဟုတ် သူအသုံးပြုဖို့ကို အချိန်ပိုယူနေတာလား။ သူသည် မျက်စိအရသာပဲခံတာလား... သူ၏နတ်ဘုရားပုံစံကိုမြင်တာနဲ့လူတိုင်း လိုချင်ကြမှာအမှန်ပဲလေ။
ČTEŠ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...