အခန်း (၆၄) ဘီလူး

156 10 0
                                    

unicode

သွေးနှောက အလိုလို နောက်ပြန်ဆုတ်သွားသည်။ အထူးသဖြင့် ဂဲလက်စ် ၏အမူအရာများ ပြောင်းလဲသွားသည်။ သူ၏ မာနထောင်လွှားသော အကြည့်သည် ယခုအခါ ပျောက်ကွယ်သွားပြီး မယုံနိုင်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် အစားထိုးလာသည်။ သူသည် ဤသစ္စာဖောက်မင်းသားထံမှ အရာများစွာကို မျှော်လင့်ရန် ပြင်ဆင်ထားသော်လည်း၊ ဤသည်မှာ သူစိတ်ကူးယဉ်ခဲ့ဖူးသော ဖြစ်နိုင်ခြေများထဲမှ တစ်ခုမဟုတ်ပေ။ လုံးဝ ခံစားချက်တစ်စုံတစ်ရာမပြတတ်သည့် လီယွန်သည်ပင် သူ့မျက်နှာပေါ်တွင် သတိထားနေသည့်အကြည့်မျိုးဖြစ်နေပြီး သတိအနေအထားရှိ​ေနသည်။

သူတို့၏ ခရမ်းရောင်မျက်လုံးများ နီရဲလာခဲ့သည်။ အချိန်က ရပ်တန့်သွားပုံရပြီး သူတို့ကို ဖုံးအုပ်ထားသည့် အသက်ရှူကြပ်သည့်လေက ပို၍ပို၍ ထူထပ်လာသည်။ သူတို့သည် အမှိုက်ပုံထဲတွင် ရွှံ့နွံနေသကဲ့သို့ဖြစ်ပြီး သူတို့၏ အသက်ရှုခြင်းကို ငြှိမ်းသတ်နေရုံသာမက၊ မမြင်နိုင်သော သန်မာတဲ့ သံကြိုးများက သူတို့ကိုနောက်ပြန်ဆွဲချ​ေနသကဲ့သို့ သူတို့၏ ခြေလက်လှုပ်ရှားမှုများကိုလည်း နှေးကွေးသွားစေသည်။

နောက်အခိုက်အတန့်မှာတော့ အပျက်အစီးများဆီမှ တစ်စုံတစ်ခု လွင့်ထွက်သွားပြီး သူတို့ထဲက တစ်ယောက်ကို ထိမှန်သွားပါသည်။ လီယွန်ဟုခေါ်သော သွေးနှောသည် လျင်မြန်စွာတုံ့ပြန်မှုလိုက်ပြီး မမျှော်လင့်ထားသောတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း သူသည် ခြေလှမ်းများစွာနောက်ပြန်ဆုတ်သွားကာ တော်ဝင်စစ်တပ်နှင့် တိုက်မိပြီး ခေါင်းထိသွားသူများကို ထိခိုက်သေဆုံးစေခဲ့သည်။

ဂဲလက်စ် ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ထိုထိတ်လန့်တုန်လှုပ်ဖွယ်အလင်းတန်းသည် အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ပင်။ မဟုတ်ဘူး၊ အဲဒါကို မိုးကြိုးလို့ ခေါ်လို့တောင် မရဘူး။ သစ္စာဖေါက်မင်းသားရဲ့ ရိုက်ချက်က မိုးကြိုးထက်ပင် ပိုမြန်သည်။ လီယွန်ကို ဘယ်လောက်အကွာအဝေးထိ လွင့်လွှတ်လိုက်သလဲဆိုတာကို တွက်ချက်ကြည့်ရင် ဒီတိုက်ခိုက်မှုဟာ ဟိုးအရင်က သူ့အပေါ်ကျခဲ့တဲ့ ထိမှန်မှုထက် ပိုပြင်းထန်ပါသည်။ အပြာရောင်မီးလျှံတွေထဲမှာ ဘာတွေလဲ။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora