အခန်း (၁၁) RIP

448 37 2
                                    

unicode

အီဗီ သူ့လည်ချောင်းတွေ ခြောက်သွေ့လာသလိုပင် ခံစားလိုက်ရသည်။ သို့သော် သူမဘာမှမပြောရသေးခင်မှာဘဲ သူမ၏ ဗိုက်သည် ရုတ်တရက် မြည်လာတာကြောင့် သူမ၏မျက်နှာလေးသည် နီရဲသွားရတော့သည်။ ထို့အပြင် ဂါဘရီရယ်ရဲ့မျက်လုံးများကတဖျက်ဖျက်လှုပ်သွားကာ သူမ၏ ဗိုက်ကိုကြည့်လာသဖြင့် သူမနှုတ်ခမ်းများကို ဖိထားရင်း ချက်ချင်းပင် ရှက်ရွံ့စွာပင် ​ခေါင်းငုံ့ထားမိလိုက်တော့သည်။

ခဏငြိမ်သက်ပြီးနောက် အီဗီ ၏ဗိုက်သည် ထပ်၍မြည်လာပြန်သည်။ အီဗီ သူ့အမူအရာကို မမြင်နိုင်သော်လည်း နောက်ဆုံးတွင် သူသည် ထလိုက်ကာ အိမ်ဖော်များကို ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

ဂါဘရီရယ် သည် အင်္ကျီတစ်ထည်ကို ဝတ်ကာ တံခါးဖွင့်လိုက်သည်။ အီဗီသည် တံခါးဆီသို့အကြည့်ရောက်သွားသောအခါ အဖြူနှင့် အမည်း ၀တ်ထားသော အိမ်ဖော်အမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီးနောက်မှာတော့ အံ့ဩမိသွားသည်။

"ဟမ်...လူသား" လို့ ဂါဘရီရယ် ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိသည်။

"မင်းတို့မျိုးနွယ်အချင်းချင်း သတိမထားမိဘူးလို့တော့ ကိုယ့်ကိုမပြောနဲ့" ဂါဘရီရယ် သည် သူမအား စူးစမ်းသော အကြည့်ဖြင့် ကြည့်လာသော်လည်း သူ့မျက်နှာမှာ မကျေနပ်မှုတွေ ရှိမနေတော့ပေ။

"အို-ဟုတ်ပါတယ် ကျွန်မသိပါတယ်၊ ...." အီဗီ အရမ်းတုန်လှုပ်သွားမိသည်။ ထို့အပြင်သူမ ဘာပြောရမှန်းပင်မသိပေ။ အရာအားလုံး...သူမ၏ထင်ထားတာနှင့် ဆန့်ကျင်ဘက်များ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ အမျိုးသမီးနှစ်ဦးသည် လူသားများဖြစ်ကြောင်း တစ်ချက်တစ်ချက်တွင် သူမပြောနိုင်သော်လည်း အီဗီ သံသယမဝင်ပဲ မနေနိုင်ဘူး။ သူတို့က....မိန်းကလေးတွေလေ  ပြီးတော့ အလွန်ပင်ကျန်းကျန်းမာမာနဲ့ စိတ်သက်သာစွာနေနေရတဲ့ပုံပင်။ ဒါက လုံးဝ တုန်လှုပ်စရာပါပဲ။ သဘောတူညီချက်ထဲမှာ လူသားတွေကိုပဲ အစေခံအဖြစ်ထားပေးမယ်ဆိုပေမယ့် သူမ ထင်ထားတာက သွေးစုပ်ဖုတ်ကောင်များအတွက် သွေးနှင့် လိင်ပိုင်းဆိုင်ရာ အပျော်အပါးများ ပေးဆောင်ရန် အတင်းအကြပ်ခိုင်းစေခံရတဲ့ ကျွန်​တွေပဲရှိတယ်လို့ထင်ထားခဲ့ခြင်းဖြစ်သည်။ ဒါဆို သူမအခုတွေ့နေရတာက ဘာလဲ။ ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်ပြီးတော့ သူတို့ ဒီမြေမှာ ဘယ်လိုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့
ကျန်းကျန်းမာမာရှိနိုင်​​နေတာလဲ။

ညို့မှိုင်းယစ်ငင်Where stories live. Discover now