အခန်း (၅၂) လုံးဝမဟုတ်ဘူး

244 17 1
                                    

unicode

ဂါဘရီရယ် သည် အီဗီ ၏လက်များကို ဆေးကြောရာတွင် ကူညီပေးနေသည့်အချိန်တွင်
အခန်းခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ဂါဘရီရယ်၏တုံ့ပြန်မှုသည် လုံးဝလျစ်လျူရှုထားသည့်ပုံပင်။

သူမ၏လက်များကို သန့်ရှင်းသောအဝတ်ခြောက်ဖြင့် ခြောက်သွားသောအခါ အနည်းငယ် အေးနေသောလက်များကို သူ့နှုတ်ခမ်းဖြင့် ထိကပ်လိုက်ရင်း အီဗီကို စိုက်ကြည့်မိသည်။ "မင်းရဲ့လက်ကို အရမ်းမပင်ပန်းသွားစေဘူးလို့ ကိုယ်မျှော်လင့်ပါတယ်။" ဟု ပျော့ပြောင်းမနေသော အပြုံးဖြင့် နောက်ပြောင်လိုက်ပြီး အီဗီ ၏ မျက်နှာအရောင်သည် တစ်ဖန် နီရဲလာသည်။

"မဟုတ်ဘူး... ကျွန်မအဆင်ပြေပါတယ်။" ညင်သာသောတံခါးခေါက်သံက ထပ်ပြီး ပဲ့တင်ထပ်လာသောအခါတွင် သူမ၏အကြည့်များက နောက်လှည့် လိုက်မိသည်။

"ကြားရတာ ဝမ်းသာပါတယ်-" ဂါဘရီရယ် သည် အပြင်မှလာသော ခေါက်သံများကို လျစ်လျူရှုရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

"တစ်စုံတစ်ယောက်က...တံခါး လာခေါက်နေတယ်" အီဗီ က ဂါဘရီရယ်ကို တံခါးဘက်ကို ခေါင်းလှည့်ကာ ပြောလိုက်ပြီး ဂါဘရီရယ် ကို ဆော်ဩလိုက်ပါသည်။ တကယ်အရေးကြီးတဲ့ကိစ္စမရှိရင် သူ့ကိုဘယ်သူမှမနှောင့်ယှက်ဝံ့ဘူးဆိုတာ သူမသိပါသည်။ ထိုအခါ သက်ပြင်းချရင်း ဂါဘရီရယ် သည် ပိတ်ထားသော တံခါးဆီသို့ လှည့်ကာ စကားပြောသည်။

"ဇမ်မြူရယ် တံခါးခေါက်တာကို ရပ်လိုက်။ ငါကြားတယ်။ ရှင်းရှင်းလင်းလင်းကိုကြားတယ်။" ဟုဆိုသည်။ ထို့နောက် အီဗီ ဘက်ကို မျက်နှာမလှည့်မီ သက်ပြင်းတစ်ချက်ချလိုက်သည်။ "ခဏလောက် ထားခဲ့ရအုံးမယ်... ဇနီးရယ်။ တတ်နိုင်သလောက်မြန်မြန် ပြန်လာမယ်လို့ ကတိပေးတယ်။"

သူ၏ ရှုံ့တွနေသော အမူအရာကို ကြည့်ပြီး အီဗီ ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်။ ရှင်အလုပ် များနေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ကျေးဇူးပြုပြီး သွားလိုက်ပါ။ ကျွန်မဒီမှာနေပြီး ခဏအိပ်လိုက်မယ်။"

ဂါဘရီရယ် သည် ခဏတာ တိတ်ဆိတ်နေပြီး သူမကို စိုက်ကြည့်နေသည်။ ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ သူက သူမကို ငုံ့ပြီး အိပ်ယာပေါ် ညင်သာစွာ လှဲချလိုက်ပါသည်။ သူမကို အအေးဒဏ်မှ ကာကွယ်ရန် စောင်ကို ခြုံပေးလိုက်ကာ ကုတင်စွန်းတွင် ထိုင်လိုက်သည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora