unicode
နောက်ဆုံးတွင် ဂါဘရီရယ် သည် သူ့စိတ်ထဲတွင် ဇနီးအကြောင်း နစ်မွန်းနေရာကနေ ခေါင်းကိုမော့
ကြည့်လိုက်ရာ သူနှင့်အတူရှိနေသည့် မိန်းမများမှလွဲ၍ အခန်းထဲတွင် အခြားမည်သူမျှ မရှိမှန်း သိလိုက်ရသည်။ အဲ့ဒါကိုမြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေက အန္တရာယ်ရှိလာသလိုပင်။ရဲရင့်သော အမျိုးသမီး နှစ်ယောက်အနက်မှ တစ်ယောက်က သူ့ရှေ့တွင် အဝတ်အစားများ ချွတ်နေပြီ။
"အရှင်သား၊ အရမ်းစိတ်ညစ်နေရင် ကွျန်မတို့ပြောလို့ရတယ်။ အရှင့်သားအမျိုးသမီးက အရှင့်သားကို အိပ်ရာထဲက ကန်ချလိုက်ပြန်တာလား၊ စိတ်မပူပါနဲ့၊ ကျွန်မတို့က မင်းကို စိတ်ကျေနပ်အောင်ခစားဖို့ ဒီကိုရောက်လာတာပါ"။ အခြားအမျိုးသမီးက သူ့ရင်ဘတ်ကို ပွတ်သပ်ပေးရင်း တိုးတိုး ပြောလိုက်သည်။"ကျွန်မတို့ စိတ်ဖြေလျှော့ပေးပါရစေ။" အခြားအမျိုးသမီးက သူ့အနီးသို့ ချဉ်းကပ်လာစဉ်တွင် သူမသည် ကိုယ်လုံးတီးဖြစ်နေသည်။
ဂါဘရီရယ် သည် ဖိနှိပ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည့် ဒေါသက လျင်မြန်စွာ ပေါက်ကွဲထွက်အောင်လာေတာ့သည်။ "မင်းတို့နှစ်ယောက်ကို ဒီလိုလုပ်ခွင့်ပေးထားတာ ဘယ်သူလဲ!" ရန်လိုသောအသံဖြင့် တုန်လှုပ်နေ၏။
"အရှင့်သား၊ ကျေးဇူးပြုပြီး တခြားဘာကိုမှမ....မစဉ်းစားပါနဲ့-"
သူ့မျက်လုံးများသည် ချက်ချင်းပင် နီရဲလာကာ မီးတောက်များတောက်လောင်လာကဲသို့ ဖြစ်နေတာကြောင့် အမျိုးသမီးများ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ နီရဲနေသော မျက်လုံးများနှင့် သူ့အတွင်းမှ ထွက်ပေါ်လာသော နက်မှောင်ပြီး အသက်ရှူကြပ်သည့် စွမ်းအားကို မြင်လိုက်ရရုံဖြင့်ပင် တုန်လှုပ်သွားကြသည်။ သူ့ပတ်ဝန်းကျင်မှာ ထုတ်လွှင့်နေတဲ့ မကောင်းတဲ့ အငွေ့ အသက်တွေက သူတို့ရင်ဘက်ကိုတင်းကြပ်စွာ ဆုတ်ဖြဲနေသလို ခံစားရတယ်။ မင်းသားက ဘာလို့ သူတို့ကို ဒီလောက် ဒေါသထွက်နေတာလဲ။
"ငါ့ကိုဖြေစမ်း။" သူ့အသံကို မြှင့်ဖို့ မလိုပါပဲနဲ့ ထိုအသံသည် အလွန်ဒေါသထွက်ပြီး ခြိမ်းခြောက်မှုနှင့် အတူ ဗန်ပိုင်းယားများသည် ချက်ချင်းပင် ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
ČTEŠ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...