အခန်း (၆၆) ရည်ရွယ်ချက်

318 11 0
                                    

unicode

ပြင်းထန်သော လေသံနှင့်အတူ ဂဲလက်စ် ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အကြိမ်ရေများစွာ လှည့်ပတ်သွားခဲ့သည်။ သူတို့၏မင်းသားလေးသည် ထိုနေရာတွင် အေးအေးဆေးဆေး ရပ်နေကာ အဆုံးစွန်သော ငြိမ်သက်မှုနှင့်အတူ သူ့လက်ထဲတွင် တွဲလောင်းကျနေသော သွေးနှော၏ဦးခေါင်းကိုကိုင်ထားသည့်ပုံမှာ ဒါခရီကာ စစ်သည်များက မယုံနိုင်ဖြစ်နေသလို၊ ဖြစ်ပျက်ခဲ့သည်များကို မတုံ့ပြန်နိုင်ဖြစ်နေသည်။

သူတို့သည် အံ့အားသင့်၍ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေပုံမှာ နန်းတော်ဥယျာဉ်များတွင် တွေ့နိုင်သော မျက်လုံးပြူးနေသည့် ထိုရွှေရောင်၊ အနီရောင် သို့မဟုတ် အနက်ရောင်ငါးများ၏ အပြုအမူနှင့် အလွန်ကို ဆင်တူ​ေနသည်။ဂါဘရီရယ် ၏လူများသည် အခြားစစ်သည်၏တုံ့ပြန်မှုကိုမြင်ပြီး မင်းသားလေးအတွက်ဒါကဘာမှမဟုတ်ကြောင်း သိနေသောကြောင့် ပြုံးရယ်လိုက်ကြသည်။ ဒါက အကောင်းဆုံးက မဟုတ်သေးဘူး။

သူတို့၏မင်းသားသည် ယခုအချိန်တွင် ငရဲ​ပြည်၏မင်းသားတပါးနှင့် အလွန်တူသည်။ သူတို့သည် သူ့ကိုကြည့်ရုံဖြင့် ယားယံပြီး အရေခွံများ တွန့်တက်လာသည်ကို ခံစားမိနိုင်သည်။ သူတို့မင်းသားပဲ​လေ။ သူသည် သန်မာသည်ဟု သူတို့ သိသော်လည်း သူသည် ဤမျှ အစွမ်းထက်သည်ဟု လုံး၀ မသိခဲ့ကြပေ။ သူတို့၏ အိပ်မက်ထဲတွင်တောင် သူသည် အပြင်းထန်ဆုံးဟု ယူဆရမည့် သွေးနှောဗန်ပိုင်းယား များထက် သန်မာသည်ဟု တွေးထင်မိမည်မဟုတ်ပေ။ ဘယ်လို၊ ဘာလို့၊ မင်းသားက ဘယ်တုန်းက ဒီလို အင်အားကြီးလာတာလဲ။ ဒါမှမဟုတ်... သူက အမြဲတမ်း ဒီလို ကြောက်စရာကောင်းပြီးသားလား။

ရုတ်တရက် ဟိန်းဟောက်သံတစ်ခု ထွက်​ေပါ်လာပြီး ဂါဘရီရယ် သည် ထိုဆူညံသံ၏ အရင်းအမြစ်ဘက်သို့ သူ့မျက်နှာကို လှည့်လိုက်သောအခါ အစွန်အဖျားတွင် အဖြူရောင် တိမ်တိုက်ငယ်များ ရှိနေသည်ကို သူမြင်လိုက်ရပြီးနောက် နယ်ချဲ့စစ်တပ်က ဆုတ်ခွာသွားပုံရသည်။ သူသည် သိသိသာသာ မကျေမနပ်ဖြစ်ကာ မျက်ခုံးတွန့်သွားသည်။ စစ်ပွဲက ပြီးခါနီးရှိနေပြီကို ကိုင်ယူးစ် က ဘာလို့ ပြန်ဆုတ်သွားတာလဲ။ သူကြောက်နေတာတော့ ​မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာတခုပဲရှိသည်၊ ထိုအတွေးက သူ့စိတ်ထဲ ရောက်လာတဲ့အခါ ဂါဘရီရယ် ၏ ချောမောသော မျက်နှာပေါ်တွင် လှောင်ပြောင်ကဲ့ရဲ့သောအပြုံးမျိုးဖြစ်တည်လာရသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora