အခန်း (၈) နောက်ကျတယ်။

428 41 2
                                    

unicode

သနားစရာယုန်ပေါက်ကလေးဟာ တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး သူမရဲ့ရှည်လျားပြီးငွေရောင်တောက်ပနေတဲ့ဆံနွယ်တွေကြားထဲကနေ သူ့ကိုခိုးကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်ရဲ့အကြည့်ချင်းဆုံသွားနဲ့အတူ တွန့်သွားပြီး သူမဒူးကြားထဲမျက်နှာလေးကိုပြန်ဖွက်လိုက်၏။

သူရဲ့ယုန်ပေါက်လေးကြောက်နေတာက သူဘေးမှာပျံ့ကျဲနေတဲ့ အလောင်းတွေကြောင့်မဟုတ်ဘဲ သူ့ကိုကြောက်နေတာသိသွားတဲ့ဂါဘရီရယ်တစ်ယောက် မျက်မှောင်ကြုတ်မိသွားပြီးစိတ်အလိုမကျဖြစ်သွားရသည်။ သူရဲ့မျက်လုံးကိုတင်းတင်းပိတ်ပြီးနောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ချိန်မှာတော့ သူမျက်လုံးတွေဟာခုနကလို ရဲရဲနီမနေတော့ပေ။ သူရဲ့ဆံပင်ကိုစိတ်ရှုတ်စွာဆွဲဖွမိပြီးနောက် သူရဲ့ယုန်ပေါက်လေးကိုစိတ်ရှည်ရှည်ထားပြီး ပြန်ချော့ရတော့သည်။

သူလှည်းပေါ်ကိုငြင်သာစွာ ခုန်တက်လိုက်ပြီးနောက် တုန်ရီပြီးပုန်းနေတဲ့ယုန်ပေါက်မလေးဆီကို တဖြည်းဖြည်းတိုးသွားလိုက်သည်။

" သားရဲတွေအကုန်လုံးသေသွားပြီ။ မင်းကြောက်စရာမလိုတော့ဘူးနော်။ ဘယ်သူမှမင်းကို ထိခိုက်အောင်မလုပ်နိုင်စေရဘူး " လို့ဂါဘရီရယ်ပြောလိုက်ပေမဲ့ သူမကတော့နည်းနည်းမှမလှုပ်ပေ။ ဂါဘရီရယ်တစ်ယောက်နားလည်လိုက်တာကတော့ ကြောက်ရွံ့နေတဲ့ယုန်မလေးသူ့ဆီ နောက်တစ်ကြိမ်လွယ်လွယ်ပြန်ကပ်တော့မည် မဟုတ်ပေ။ သို့သော် ဂါဘရီရယ်ယခုချိန်မှာ တွေးနေမိတာကတော့ သူမလေးအေးနေတော့မည် ဟုပင်ဖြစ်သည်။ လှည်းပေါ်မှာရှိသူမလေးဘေးနားမှာ တွန့်ကြေနေတဲ့စောင်လေးကိုယူလိုက်ပြီး ဂါဘရီရယ်ပြောလိုက်သည်မှာ "အနည်းဆုံးတော့ စောင်ကိုယူပြီးခြုံလိုက်ပါ၊ အီဗလင်း" ဟုပင် ဖြစ်သည်။

"လာခဲ့၊ ကိုယ်နားကိုပြန်လာခဲ့နော်။ ကိုယ်ပြန်ပြီးမင်းနွေးသွားအောင်လုပ်ပေးမယ်။ အနည်းဆုံးတော့ လှည်းကြမ်းပြင်ထက်ကိုယ်ကပိုနွေးတယ်လေ" လို့ သူရဲ့နွေးထွေးပြီးကြင်နာလှတဲ့အသံဟာ အိပ်မွေ့ချနေသလိုမျိုး အီဗီရဲ့လှုပ်ရှားနေတဲ့စိတ်ဟာ တည်ငြိမ်လာခဲ့သည်။

ညို့မှိုင်းယစ်ငင်Where stories live. Discover now