အခန်း (၂၁) : ပစ်မှတ်ရဲ့အလယ်ဗဟို

296 31 0
                                    

unicode

အိမ်ဖော်များက သူမကို ထားသွားပြီးနောက် အီဗီအိပ်ရာဝင်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူမ အေးအေးဆေးဆေး အိပ်မပျော်နိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် ဂါဘရီရယ်အကြောင်း များက စိုးမိုးထားသည်။ သူမသည် သူ့အကြောင်းကို မတွေးချင်သော်လည်း သူ့အိမ်ဖော်များ​ပြောလိုက်သည့်အရာကို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ သူမကိုယ်သူမ ထပ်ခါတလဲလဲ ကောလဟာလတစ်ခုသာဖြစ်ကြောင်းပြောမိနေသော်လည်း အင်ပါယာနန်းတော်တွင် သူမကြည့်ရှုခဲ့သည့်အရာအားလုံးအရ - ကပွဲရှိ သွေးစုပ်ဖုတ်ကောင်များ အပါအဝင် တော်ဝင်မိသားစုက သူ့အပေါ် တုံ့ပြန်မှုအားလုံးက ကောလဟာလ မဟုတ်ကြောင်း ထောက်ခံနေသလိုပင်။ ခြားနားချက်က တော်တော်သိသာထင်ရှားပြီး ဒီလိုထူးခြားတဲ့ အသွင်အပြင်ရှိတဲ့သူကလည်း ဂါဘရီရယ် တဉီးတည်းပင်။

သူ့မမျက်နှာကို ခေါင်းအုံးမှာ မြှုပ်ထားရင်း အီဗီ က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သွေးစုပ်ဖုတ် ကောင်ရဲ့ အင်ပါယာမှာ ဒီလိုမျိုးဖြစ်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ လူသားတွေရဲ့ အဓိက နဲ့ အကြီးမားဆုံး ပြဿနာက သွေးစုပ်ဖုတ်ကောင်တွေသာ။ တော်ဝင်မျိုးနွယ်တွေ ကြားမှာ ကြီးကြီး မားမား ပြဿနာ မရှိပါဘူး။ ဟုတ်ပါတယ်၊ တော်ဝင်သွေးဟာ အမြဲတမ်း အရေးအကြီးဆုံးဖြစ်ပေမယ့် မင်းသားနဲ့ မင်းသမီးတွေ အများကြီးပဲမို့ တော်ဝင်မျိုးနွယ်တွေ အဆုံးသတ်သွားမှာကို စိတ်ပူစရာမလိုပေ။

သေချာတွေးကြည့်လိုက်တော့ လူသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို သွေးစုပ်ဖုတ်ကောင်များက သဘောတူတာ ဒအကြောင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်ကို အီဗီသဘောပေါက် နားလည် လာတော့သည်။ သူတို့အချင်းချင်းမှာ ပိုကြီးတဲ့ပြဿနာရှိနေတယ်လို့ ဘယ်သူကထင်မှာလဲ။ ဂါဘရီရယ် နှင့် တော်ဝင်မိသားစုကြား တိုက်ပွဲသည် မကြာမီ အချိန်မရွေး ဖြစ်ပွားနိုင်သည်ကို သူမသိသောကြောင့် အနည်းငယ် စိုးရိမ်ပူပန်မှု ဖြစ်လာမိသည်။ ခင်ပွန်းသည်က သူတို့ကို တိုက်ဖို့ အခွင့်အရေး ရှိပါ့မလား။ အားလုံးအဆင်ပြေပါ့မလား။

ညို့မှိုင်းယစ်ငင်Where stories live. Discover now