အခန်း (၂၃) : ကြောက်လန့်ခြင်း။

324 31 0
                                    

unicode

ဇိမ်ခံဧည့်ခံခန်းတစ်ခုအတွင်း၊ ဂါဘရီရယ် သည် ဗိုလ်ချုပ်နှင့် တီယာတို့ရှေ့တွင် ထိုင်နေသည်။

ဗိုလ်ချုပ်သည် စည်းကမ်းရှိပြီး ယဉ်ကျေးပုံပေါက်နေသော်လည်း ဂါဘရီရယ် ငယ်ရွယ်စဥ် အင်ပါယာမှ မထွက်ခွာမီ သူ့အား ကြည့်လာသည့် မြင့်မြတ်သောဗိုလ်ချုပ်ကြီး ၏အကြည့်ကို ဘယ်သောအခါမှ မမေ့နိုင်ပေ။ အခြားအဆင့်မြင့်အရာရှိများကဲ့သို့ပင်၊ ဤလူသည် အပြင်ပန်းအသွင်အပြင်နှင့် နိုင်ငံရေးအရ အမြတ်အစွန်းအပေါ်အခြေခံ၍ ဘက်လိုက်တတ်တဲ့ အရေခွံထူသော သူတော်ကောင်းတစ်ဦးဖြစ်သည်။

အချိန်တွေကုန်လွန်သွားပေမယ့် ဗိုလ်ချုပ်က ဂါဘရီရယ် ဂရုမစိုက်တဲ့အရာတွေအကြောင်း စကားတွေပြောနေသေးတယ်။ ဗိုလ်ချုပ်က သူ့ရဲ့ လာရင်းကိစ္စကိုမပြောသေးပဲမင်းသားရဲ့ကောင်းကွက်တွေကိုသာဖော်ကျူးနေပြီး ကပ်ဖားရပ်ဖားလုပ်နေပုံမှာ သားကောင်မဖမ်းခင်တောလှန့်နေသယောင်။ ဒါပေမယ့် ဂါဘရီရယ် က စကားတခွန်းမှပြောမလာ။ တဖြည်းဖြည်းနဲ့ သူလည်းမျက်နှာအမူအရာပျက်ယွင်းလာရသည်။ ထိုအေးစက်သောအမူအရာကိုရင်ဆိုရင်ရမယ့်အစား သူ့လူများန​ဲ့သာ တောင်ကိုရွှေ့ရင်ရွှေ့ ဒါမှမဟုတ်လည်း နဂါးသာသွားသတ်လိုက်တာကပိုကောင်းအုံးမည်ဟုထင်မိသည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်သည် နိဒါန်းပျိုးတာတွေ

ရပ်သွားသောအခါတွင် အယ်လီးယက်စ် သည် အခန်းထဲသို့ ဝင်လာခဲ့သည်။

"မင်းသား ဂါဘရီရယ်၊ ငါ့သမီး တီယာ နဲ့ မင်းရဲ့စေ့စပ်ကြောင်းလမ်းအကြောင်းကိုပြောဖို့လာခဲ့တာပါ။ မင်းဟာ ငါတွေ့ဖူးသမျှထဲမှာ အသိဉာဏ်အရှိဆုံးလူငယ်မို့လို့ မင်္ဂလာပွဲကို အမြန်လုပ်ဖို့ အကြောင်းရင်းတွေကို ပြောစရာမလိုတော့ဘူးလို့ ငါ ထင်ပါတယ်။ မင်းမိန်းမ ယူပြီးသွားပြီဆိုအုံးတော့..." အယ်လီးယက်စ်အခန်းထဲကို ဝင်လာတဲ့အခါ ဂါဘရီရယ်သည် ဗိုလ်ချုပ် ပြောနေတဲ့စကားများကိုကြားတချက်မကြားတချက်နှင့် ဂရုမစိုက်တော့ပေ။

မင်းသားသည် အယ်လီးယက်စ် ၏မျက်လုံးများကို ဆုံလိုက်ပြီး သူ၏ပထမဆုံးမေးခွန်းမှာ

ညို့မှိုင်းယစ်ငင်Where stories live. Discover now